ပေကျင်း၊ ဇွန် ၄
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လာမည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လောင်း၊ ချီလီနိုင်ငံ သမ္မတဟောင်း မီရှဲလ် ဘာချလက် (Michelle Bachelet) တို့သည် ဇွန် ၄ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မီရှဲလ် ဘာချလက်က ကုလသမဂ္ဂသည် ပူးပေါင်းအင်အားဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအား ကိုင်တွယ်စီမံရန်အတွက် မဖြစ်မနေ လိုအပ်သည့် ပလက်ဖောင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ခိုင်မာစွာ လက်ကိုင်ကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် ကုလသမဂ္ဂလုပ်ငန်းများအား တွန်းအားပေးရန်အတွက် ကာလကြာရှည်စွာ ကြိုးပမ်းဆောင်ရွက်မှုကို များစွာ တန်ဖိုးထားချီးကျူးကြောင်း၊ ကုလသမဂ္ဂ၏ နေရာအနေအထားနှင့် အခန်းကဏ္ဍအား အတူတကွမြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။
ဝမ်ရိက လာမည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လောင်းသည် ကုလသမဂ္ဂ၏ လာမည့် ငါးနှစ်မှ ဆယ်နှစ်အတွင်း ပြုပြင်ပြောင်းလဲ တိုးတက်မှု ဦးတည်ချက်နှင့် သက်ဆိုင်နေသလို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ လက်တွေ့အကျိုးစီးပွားနှင့်လည်း သက်ဆိုင်နေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တာဝန်ယူမှုရှိ၍ အပြုသဘောဆောင်သော သဘောထားဖြင့် လာမည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရွေးကောက်တင်မြှောက်မှုတွင် ပါဝင်ကာ ကုလသမဂ္ဂ၏ ဩဇာသက်ရောက်မှုနှင့် ရှင်သန်စွမ်းအား ပြန်လည်မြှင့်တင်မှုကို တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref - (Xinhua)
#MNP #News

No comments:
Post a Comment