ဇွန် - ၄ ( ကြာသပတေးနေ့ )
ထိုင်းနိုင်ငံရှိ နာမည်ကြီးကျွန်းများပေါ်မှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများကို စနစ်တကျထိန်းညှိရန်အတွက် ခရီးသွားလာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာန၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့တို့ နဲ့ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။
ထို့ပြင် မာဖီးယားဂိုဏ်းများနှင့် ဆက်နွှယ်နေတဲ့ အစိုးရအရာရှိများကို အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားပြီး၊ ခရီးသွားလုပ်ငန်းမှရရှိသော ဝင်ငွေများ ထိုင်းနိုင်ငံအတွင်း၌ပဲ ကျန်ရှိနေစေရန်အတွက် နိုင်ငံခြားသားများက ဒေသခံမျာရဲ့အမည်ကို အသုံးချကာ နောက်ကွယ်မှလည်ပတ်နေတဲ့ အမည်ဆိုးရှိတဲ့ စီးပွားရေးလုပ်ငန်းများကိုလည်း ပစ်မှတ်ထား နှိမ်နင်းသွားမယ်လို့ သိရပါတယ်။
နာမည်ကြီး အပန်းဖြေကျွန်းများဖြစ်တဲ့ ကိုစမွီ နဲ့ ကိုစမက်ကျွန်းတို့အပါအဝင် ကျွန်းများပေါ်တွင် နိုင်ငံခြားသား ခရီးသွားများအပေါ် တိုက်ခိုက်စော်ကားမှုများ နဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက်၊ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး ဆူရာဆပ် ဖန်ချာရွန်ဝေါ်ရာကူလ် က ဘေးကင်း လုံခြုံရေး စံနှုန်းများကို မြှင့်တင်ရန်နဲ့ ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍပုံရိပ်ကို ပြန်လည်အဖတ်ဆယ်ရန် အတွက် လုပ်ငန်းစဉ်များကို အကြမ်းဖျင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဥပဒေအရ တင်းတင်းကျပ်ကျပ် နှိမ်နင်း အရေးယူနိုင်ရန်အတွက် ၎င်းတို့ဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲရေးအာဏာပိုင်များ၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့တို့ နဲ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့ပါတယ်။
REF: The Nation
#MNP #News


No comments:
Post a Comment