ကြို့ပင်ကောက်မြို့နယ်၌ (၃၂)ကြိမ်မြောက်သာသနာတော်ဆိုင်ရာ အစိုးရနိကာယ်စာမးပွဲများ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြို့ပင်ကောက်မြို့နယ်၌ (၃၂)ကြိမ်မြောက်သာသနာတော်ဆိုင်ရာ အစိုးရနိကာယ်စာမးပွဲများ ကျင်းပ




ကြို့ပင်ကောက်၊ ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ (၃၂)ကြိမ်မြောက်သာသနာတော်ဆိုင်ရာ အစိုးရနိကာယ်စာမေးပွဲများကို တိုက်ကျောင်းပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ဇွန်လ ၅ ရက်နေ့မှစ၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နိကာယ်စာမေးပွဲကို နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်ဖိုမြို့နယ်တို့မှ သံဃာတော်များနှင့် သီလရှင်ဆရာလေးများ စုစုပေါင်း ၇၀ ပါးတို့သည် ဇွန်လ ၇ ရက်နေ့စာမေးပွဲတတိယနေ့က ဝင်ရောက်ဖြေဆိုကြကြောင်း စုစုပေါင်း ဘာသာရပ် ၇ ခုအား ဝင်ရောက်ဖြေဆိုကြကြောင်း အဆိုပါအစိုးရနိကာယ်စာမေးပွဲများကို ဇွန်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ နေ့စဉ် ၁၂ နာရီမှညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရနိကာယ်စာမေးပွဲများကျင်းပနေစဉ်တွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများက ကြီးကြပ်တော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက ကြီးကြပ်‌ရေးဆရာတော်ကြီးများ စာဖြေသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား နေ့ဆွမ်းအချိုရည်နှင့်ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)