တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး သဘာဝမြေဩဇာ၊ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး သဘာဝမြေဩဇာ၊ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့တက်ရောက်






ထားဝယ်၊ ဇွန် ၈

တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာ၊ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့က ထားဝယ်မြို့နယ်၊အမှတ်(၄) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် ကျင်းပသည်။

ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက ထားဝယ်ခရိုင်အတွင်းရှိ တောင်သူများအား သဘာဝမြေသြဇာ (၅၀)အိတ်၊ ကော်ဖီပျိုးပင်(၄၀၀၀)ပင်အား ပေးအပ်ပြီး ကွင်းအတွင်းပြသထားသည့် သီးနှံကာကွယ်ရေးပြခန်း၊ မျိုးစေ့ပြခန်း၊ မြေအသုံးချပြခန်းနှင့် သီးနှံစွန့်ပစ်ပစ္စည်းများအား ဘိုင်အိုခြာပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲ၊ မြေဆွေးပုံပြုလုပ်နည်း သရုပ်ပြပွဲ အားလိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တက်ရောက်လာသော တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ပြီးစိုက်ခင်းအတွင်းပျိုးထောင်ထားရှိသော ကိုကိုးပင်၊ ကော်ဖီပင်၊ ငှက်ပျောပင်၊ ဟင်းသီးဟင်းရွက်များနှင့် သီးနှံပင်များအား ကြည့်ရှုအားပေးပြီး မွေးမြူထားရှိသည့် ဥစားကြက်၊ ဝက်၊ ဆိတ်မွေးမြူရေးခြံများကိုကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ကြက်ဥများ ပေးအပ်ခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)