ထရမ့်က အီရန်နဲ့ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးပေးလိုက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်က အီရန်နဲ့ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးပေးလိုက်ပြီ


ဇွန် - ၁၈ ( ကြာသပတေးနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန် နဲ့ ချုပ်ဆိုသည့် နားလည်မှုစာချွန်လွှာမိတ္တူကို ကိုယ်တိုင်လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါစာရွက်စာတမ်းရဲ့ ဓာတ်ပုံကို အီရန်နဲ့ ကြားဝင်စေ့စပ်ပေးသူများထံသို့ ပေးပို့ခဲ့ပါတယ်။ 

နားလည်မှုစာချွန်လွှာရဲ့ စာသားကို တရားဝင်အချောသတ်ပြီးစီး၍ "နှစ်ဖက်စလုံးက လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း" အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ၌ ကျင်းပသည့် ဂျီဆဲဗင်း (G7) ထိပ်သီးအစည်းအဝေးရဲ့ ဘေးဘက်အစီအစဉ်အဖြစ် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် နှင့်အတူ ညစာစားပွဲသို့ တက်ရောက်နေစဉ်အတွင်း ထရမ့်က အဆိုပါစာရွက်စာတမ်းပေါ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ညပိုင်းက နန်းတော်မှ ထွက်ခွာလာစဉ် "လက်မှတ်ထိုးပြီးပါပြီ။ ဗာဆိုင်းမှာ ကျွန်တော် လက်မှတ်ထိုးခဲ့တာပါ" လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ 

အိမ်ဖြူတော်အနေဖြင့် နားလည်မှုစာချွန်လွှာ၏ နောက်ဆုံးထွက်စာသားကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမဲ့ ယင်းကိစ္စရဲ့ လျှို့ဝှက်ထားမှုအပေါ် ရက်အတော်ကြာ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက အချက် ၁၄ ချက်ပါဝင်သော အဆိုပါစာရွက်စာတမ်းကို သတင်းထောက်များအား ဖတ်ကြားပြခဲ့ပါတယ်။ 

အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့အချက်များက ပေါက်ကြားသွားခဲ့တဲ့ စာသားတွေနဲ့ အဓိကအားဖြင့် ထပ်တူနီးပါး တူညီပေမဲ့ လက်ဘနွန်နိုင်ငံ အချုပ်အခြာအာဏာ၊ အမေရိကန်ရဲ့ရေတပ်ပိတ်ဆို့မှုကို အဆင့်လိုက် ရုပ်သိမ်းရေး၊ ဟော်မုဇ်ရေလက်ကြား ရဲ့ အနာဂတ် စီမံခန့်ခွဲမှု နှင့် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ ကြီးကြပ်မှုအောက်တွင် အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုကို ကိုင်တွယ်ဖြေရှင်းမယ့် အချက်များနဲ့ ပတ်သက်ပြီးတော့ ပိုမိုအသေးစိတ်ကျသော အသုံးအနှုန်းများ ပါဝင်လာခဲ့ပါတယ်။ 

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီ က လက်ဘနွန်နိုင်ငံတွင် စစ်ပွဲအဆုံးသတ်ရေးသည် တဟီရန် (အီရန်အစိုးရ) အတွက် အီရန်နိုင်ငံကိုယ်တိုင်နဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်များလိုပဲ အရေးကြီးကြောင်း၊ ထို့ကြောင့် ပထမဆုံးအပိုဒ်တွင် လက်ဘနွန်နိုင်ငံ၏ "ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို လေးစားလိုက်နာရန် အချက်အပါအဝင် ၎င်းနိုင်ငံအမည်ကို သုံးကြိမ်တိုင်တိုင်" ထည့်သွင်းဖော်ပြထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

"ကျနော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေးအစိုးရအဖွဲ့တွေကို သီးခြားစီ ခွဲခြားမမြင်ပါဘူး၊ ဒါပေမဲ့ သူတို့ရဲ့ ချဉ်းကပ်ပုံနဲ့ လုပ်ဆောင်ပုံ နည်းလမ်းတွေမှာ ကွဲပြားခြားနားမှုတွေ ရှိနေတာကတော့ ရှင်းရှင်းလင်းလင်း မြင်သာပါတယ်။ တကယ်လို့ လက်ဘနွန်နိုင်ငံအပေါ် အစ္စရေးအစိုးရအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် ဒါဟာ နားလည်မှုစာချွန်လွှာအောက်မှာရှိတဲ့ အခြားတစ်ဖက် (အမေရိကန်) ရဲ့ ကတိကဝတ်တွေကို ချိုးဖောက်ရာရောက်တယ်လို့ သတ်မှတ်မှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)