အိန္ဒိယသမ္မတနိုင်ငံမှ လှူဒါန်းသည့် ငလျင်ဒဏ်သင့်အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးရာတွင် အသုံးပြုသော စက်ပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယသမ္မတနိုင်ငံမှ လှူဒါန်းသည့် ငလျင်ဒဏ်သင့်အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးရာတွင် အသုံးပြုသော စက်ပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်


ရန်ကုန်၊ ဇွန် ၁၁

အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်ဒဏ်သင့်အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးရာတွင် အသုံးပြုသော စက်ပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ်မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရှိ Function Hall၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Abhay Thakurက အမှာစကား ပြောကြားကာ ပစ္စည်းကိရိယာများနှင့် စာရွက်စာတမ်းများကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်ဆန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး ငလျင်ဒဏ်သင့် အဆောက်အအုံများ၏ ကြံ့ခိုင်မှုကိုစစ်ဆေးရာတွင် အသုံးပြုသော စက်ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုကြသည်။

အိန္ဒိယသမ္မတနိုင်ငံမှ ၂၀၂၆ ခုနှစ် မတ်လက ပထမအကြိမ်အနေဖြင့် ဘေးအန္တရာယ်မတိုင်မီနှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အဆောက်အအုံ အကဲဖြတ်ခြင်းများအတွက် စက်ယန္တရားနှင့် ပစ္စည်းကိရိယာ ၁၁ မျိုးနှင့် တန်ဖိုးငွေ ရူပီးသန်း ၂၀ ကျော်တန်ဖိုးရှိ ပစ္စည်းများပါဝင်ပြီး ယနေ့လွှဲပြောင်းပေးအပ်သည့် ဒုတိယ အကြိမ်မြောက် လှူဒါန်းမှုတွင် ငလျင်တိုင်းကိရိယာ၊ ကွန်ကရစ် အတွင်းပိုင်းဘက် စစ်ဆေးသည့် ကိရိယာ၊ အပူလှိုင်းပုံရိပ်ဖမ်း ကင်မရာ၊ အဆောက်အအုံကြံ့ခိုင်မှု စောင့်ကြည့်သည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများပါဝင်ပြီး တန်ဖိုးငွေ ရူပီး ၁၇ ဒသမ ၇၅ သန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)