အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ငြင်းလိုက်လို့ ဆိုမာလီဘော်လုံးဒိုင် အိမ်ပြန်လိုက်ရပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ငြင်းလိုက်လို့ ဆိုမာလီဘော်လုံးဒိုင် အိမ်ပြန်လိုက်ရပြီ


ဇွန် -၁၁ ( ကြာသပတေးနေ့ ) 

ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် ပထမဆုံး ဆောင်ရွက်ခွင့်ရမယ့် ဆိုမာလီနိုင်ငံသား ကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ငြင်းပယ်လိုက်တဲ့အတွက် အိုမာအာတန် တစ်ယောက် အိမ်ပြန်လာခဲ့ရပါတယ်။  ဒါပေမဲ့ သူ့ကို မိခင်နိုင်ငံက ပြန်လည်ရောက်ရှိချိန်မှာ နိုင်ငံ့သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါတယ်။ 

အိုမာတန် (၃၄ နှစ်) က လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားများအားလုံး အပြည့်အစုံစွာရှိနေပေမဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးအရာရှိများက ၎င်းအား ၁၁ နာရီနီးပါးကြာ ထိန်းသိမ်းခဲ့ပါတယ်။ သူက ကမ္ဘာ့ဖလားဒိုင်လူကြီး ဖြစ်လာဖို့အတွက် ဆိုမာလီယားနိုင်ငံရဲ့ ပထမဆုံး ဖြစ်တယ်ဆိုပေမဲ့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ ပြန်လည်ပို့ဆောင်ခံလိုက်ရပါတယ်။ 

အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲက အမေရိကန်ရဲ့ ပြောင်းလဲနေသော ပြည်ဝင်ခွင့်မူဝါဒများ အပါအဝင် စီစဉ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့သည့်နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် ဆိုမာလီယာအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများအပေါ် ခရီးသွားလာခွင့်ပိတ်ပင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ခဲ့ပါတယ်။

အာတန်ကို ဗုဒ္ဓဟူးနေ့တွင် မိုဂါဒစ်ရှူးလေဆိပ်သို့ ဆင်းသက်ခဲ့ပြီး ဒေသန္တရအစိုးရအရာရှိများနဲ့ ဆိုမာလီဘောလုံး အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များအပါအဝင် လူပေါင်းရာနှင့်ချီပြီးတော့ ကြိုဆိုခဲ့ကြပါတယ်။ အချို့က နိုင်ငံ့အလံများ ကို ဝှေ့ယမ်းနေကြပြီး ၎င်းရဲ့ဓာတ်ပုံများပါရှိတဲ့ စာတန်းများကို ကိုင်ဆောင်ထားကြပါတယ်။ 

၎င်းအား ဝန်းရံပံ့ပိုးပေးကြသည့်အတွက် မိခင်နိုင်ငံသားများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး နောက်လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ်တွင် အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) က အာတန် အား အာဖရိကတိုက်၏ တစ်နှစ်တာ အကောင်းဆုံး ဒိုင်လူကြီးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ထို့နောက် ၎င်းသည် ဖီဖာ (FIFA) က ရွေးချယ်သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒိုင်လူကြီး ၅၂ ဦးစာရင်းတွင် ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။ 

အာတန် က ၎င်းသည် စနေနေ့တွင် တရားဝင်ဗီဇာဖြင့် မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သော်လည်း နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ အရာရှိများက ဘေးဖယ်ခေါ်ဆောင်သွားကာ ၁၁ နာရီကြာ စစ်ဆေးမေးမြန်းခဲ့ပြီးတော့ မိမိတွင် ဖီဖာထံမှ စာရွက်စာတမ်း အထောက်အထားများအပါအဝင် “မှန်ကန်သော စာရွက်စာတမ်းများ” အားလုံးရှိသော်လည်း၊ မည်သည့်ရှင်းလင်းချက်မျှ မရရှိဘဲ အစ္စတန်ဘူလ်သို့ ပြန်မည့် လေယာဉ်ပေါ်သို့ အတင်ခံခဲ့ရကြောင်း ဆိုပါတယ်။ 

“ကျွန်တော့်ရဲ့ နိုင်ငံအပေါ် သူတို့ (အမေရိကန်) ဘက်က တစ်စုံတစ်ရာ အဆင်မပြေမှု ရှိနေတာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောကြားခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)