ဂန့်ဂေါမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား မျက်စိကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား မျက်စိကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေး






ဂန့်ဂေါ၊ ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက် အနေဖြင့် ကျောင်းသား၊ကျောင်းသူများအား မျက်စိကျန်းမာရေးစစ်ဆေးခြင်းများကို ယနေ့မွန်းလွဲ(၁)နာရီက စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)ကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခေတ္တဆေးရုံအုပ် ဒေါက်တာဝင်းထိုက် နှင့် မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၈၉)ဦးအား မျက်စိကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ မျက်စိကျန်းမာရေးစစ်ဆေးခြင်းများကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မျက်စိကျန်းမာရေးစစ်ဆေးရန်ကျန်ရှိသည့် မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများသို့လှည့်လည်၍ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)