နေပြည်တော်၊ ဇွန် ၁၂
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ၏ ထုတ်ပြန်ချက်များအရ ယမန်နေ့ကထက် ယနေ့ စက်သုံးဆီဈေးနှုန်းများ သိသိသာသာ လျှော့ကျလာသည်။
၁၁-၆-၂၀၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်လက်လီဈေးကွက်တွင် 92Ron တစ်လီတာ (၄၃၄၅)ကျပ်၊ 95Ron တစ်လီတာ (၄၃၈၅)ကျပ်အထိ ရှိခဲ့ပြီး ယနေ့ (၁၂-၆-၂၀၂၆) ရက်နေ့တွင် ရန်ကုန်လက်လီဈေးကွက်တွင် 92Ron တစ်လီတာ (၃၈၈၀)ကျပ်၊ 95Ron တစ်လီတာ (၃၉၁၅)ကျပ်အထိ သိသိသာသာကျဆင်းသွားသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းမှာ ရန်ကုန်လက်လီဈေးကွက်တွင် 92Ron တစ်လီတာ (၄၅၅၀)ကျပ်၊ 95Ron တစ်လီတာ (၄၆၂၀)ကျပ်အထိ ရှိခဲ့သည်။
#MNP #News

No comments:
Post a Comment