နေပြည်တော်၊ ဇွန် ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Thongsavan PHOMVIHANE ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဂါရဝပြုတွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Thongsavan PHOMVIHANE မြန်မာနိုင်ငံသို့ ယမန်နေ့ ဇွန် ၁၁ ရက်နေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
လာအို ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အပြီး ရက်ပိုင်းတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
#MNP #News






No comments:
Post a Comment