ဇွန်- ၁၂ (သောကြာနေ့ )
တရုတ်နိုင်ငံက ဆိပ်ကမ်းတစ်ခုမှာ လျှပ်စစ်သင်္ဘောတစ်စင်းကို ဧရာမ ရွေ့လျားနိုင်သော ပါဝါဘဏ် တစ်ခုကဲ့သို့ လုပ်ဆောင်ပြီး တရုတ်နိုင်ငံရဲ့ မဟာလျှပ်စစ်ဓာတ်အားလိုင်းထဲသို့ လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်ပေး နိုင်ခဲ့တယ် လို့ သိရပါတယ်။
"Yungang Electric Tug No. 9" အမည်ရှိ လျှပ်စစ်စွမ်းအင်အပြည့်အဝသုံးတဲ့ ဆွဲသင်္ဘောက လျှပ်စစ်ဓာတ်အားကို ၎င်းရဲ့ ဘက်ထရီမှတစ်ဆင့် တစ်နာရီလျှင် ၈၀ ကီလိုဝပ်နှုန်းဖြင့် ထုတ်လွှတ်ခဲ့ပြီး လျှန်းယွင်ကန် ဆိပ်ကမ်း တွင် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော ၇ နာရီကြာ စမ်းသပ်မှုအတွင်း ဓာတ်အားလိုင်းထဲသို့ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၅၆၀ ကီလိုဝပ်နာရီ ကို ပြန်လည်ပေးပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ၏ ပထမဆုံးသော သင်္ဘောမှ ဓာတ်အားလိုင်းသို့ နှစ်ဖက်မောင်းနှင်မှု စွမ်းအင်စီးဆင်းမှု မှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပါတယ်။
အဆိုပါ စမ်းသပ်မှုက လျှပ်စစ်ကား (အီးဗီ) များတွင် အောင်မြင်ခဲ့တဲ့ နည်းပညာကို ယခုအခါ လျှပ်စစ်သင်္ဘောများတွင်လည်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ၎င်းသည် တရုတ်နိုင်ငံ၏ သင်္ဘောနှင့် ဓာတ်အားလိုင်းကြား နှစ်ဖက်မောင်းနှင်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ပြီး ဆိပ်ကမ်းသုံးသင်္ဘောများကို လျှပ်စစ်အသုံးနည်းချိန်တွင် အားသွင်းထားစေပြီး လျှပ်စစ်အသုံးများချိန်တွင် ကုန်းပေါ်ရှိ ဓာတ်အားလိုင်းသို့ ဓာတ်အား ပြန်လည် ထုတ်လွှတ်ပေးနိုင်ရန် ကူညီပေးမှာဖြစ်ပါတယ်။
ဤစီမံကိန်းသည် စိုထိုင်းဆမြင့်မားပြီး ဆားငန်ဓာတ်များသော ရေကြောင်းပတ်ဝန်းကျင်တွင် စွမ်းအားမြင့် လျှပ်စစ်ဓာတ်အားကို တည်ငြိမ်စွာ အားသွင်းခြင်းနှင့် ပြန်လည်ထုတ်လွှတ်ခြင်းဆိုင်ရာ ထိန်းချုပ်မှု နည်းပညာအခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပါတယ်။
ထို့အပြင် ၎င်းသည် ရေကြောင်းကဏ္ဍရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစိမ်းရောင် ကူးပြောင်းမှု အတွက် မော်ဒယ်အသစ်တစ်ခုကို ဖော်ဆောင်ပေးပြီး ခေတ်မီစွမ်းအင်ကွန်ရက်များတွင် သိုလှောင်မှု၊ ထောက်ပံ့မှုနှင့် လိုအပ်ချက်တို့ကို ပေါင်းစပ်လုပ်ဆောင်နိုင်မည့် နည်းလမ်းများကိုပါ တိုးချဲ့ပေးခဲ့ပါတယ်။
REF: CGTN
#MNP #News

No comments:
Post a Comment