ဇွန် - ၁၀ ( ဗုဒ္ဓဟူးနေ့ )
အီရန်က အမေရိကန် အေအိတ်ချ်-၆၄ အပါချီရဟတ်ယာဉ်ကို ဟောမုဇ်ရေလက်ကြားမှာ ပစ်ချလိုက်ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဲ့ဒိကိစ္စပတ်သက်ပြီး လက်တုံ့ပြန်မှုတွေ ကို လိုအပ်သလို လုပ်ဆောင်သွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။
အင်္ဂါနေ့အစောပိုင်းမှာ အမေရိကန်စစ်ဌာနချုပ် ဆန့်ကွန် က အိုမန်ရေပိုင်နက် ကမ်းလွန်မှာ ကင်းလည့်တဲ့လုပ်ငန်း လုပ်နေတဲ့ ရဟတ်ယာဉ်က ပျက်ကျသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဘာကြောင့်ပျက်ကျသွားတယ် ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။ ပျက်ကျပြီး ၂ နာရီအတွင်းမှာ လေယာဉ်မှူးတွေကို ကယ်ဆယ်နိုင်ခဲ့ပြီး စုံးစမ်းစစ်ဆေးမှုတွေကို လုပ်နေဆဲ ဆိုပြီး ထုတ်ပြန်ပါတယ်။
အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အပစ်ရပ်ရေးဆွေးနွေးပွဲက မတင်မကျဖြစ်နေလို့ အီရန်ဘက်ကလည်း နှုတ်ဆိတ်နေပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ အီရန်ရဲ့ လက်ချက်ဖြစ်မယ်ဆိုပြီး ပြစ်တင်ပြောဆိုမှုတွေ လုပ်ကာ လက်စားချေမယ်ဆိုပြီး စကားကိုသူ့ရဲ့ ထရုသ်ဆိုရှယ်မီဒီယာအကောင့်မှာ ရေးတင်ခဲ့ပါတယ်။
“အခုဖြစ်စဉ်မှာ လေသူရဲ နှစ်ဦး ပါဝင်ခဲ့ပြီး၊ သူတို့နှစ်ယောက်လုံး ဘေးကင်းကြသလို ဒဏ်ရာရရှိတာမျိုးလည်း မရှိပါဘူး။ ဒါပေမဲ့လည်း အမေရိကန်နိုင်ငံအနေနဲ့ ဒီတိုက်ခိုက်မှုအပေါ် မဖြစ်မနေ တုံ့ပြန်ဆောင်ရွက်သွားရပါမယ်” လို့ သမ္မတ ထရမ့်က ရေးတင်ခဲ့ပါတယ်။
သမ္မတ ထရမ့်၏ ကြေညာချက် ထွက်ပေါ်မလာမီ၊ မီဒီယာများ၏ သတင်းဖော်ပြချက်များအရ အမေရိကန်စစ်ဘက် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယခုရဟတ်ယာဉ် ပျက်စီးဆုံးရှုံးမှုသည် တမင်တကာ တိုက်ခိုက်ခံရခြင်း ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးကြောင်း ဖော်ပြခဲ့ကြပါတယ်။ အမည်မဖော်လိုသူ အမေရိကန်အရာရှိ တစ်ဦးက Axios သတင်းဌာနသို့ ပြောကြားရာတွင် အဆိုပါ ရဟတ်ယာဉ်သည် လေထဲ၌ အီရန်ဒရုန်းတစ်စင်းနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ့်ရဲ့ အမိန့်နဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် က အီရန်နိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ရေဒါစခန်းတွေကို လေကြောင်းကနေ ချက်ချင်း လက်စားချေ ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အီရန်ဘက်ကလည်း ဒေသတွင်းက အမေရိကန်စခန်းတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်နေလို့ စစ်ရေးအခြေအနေက အလွန် တင်းမာနေပါတယ်။
REF: RT
#MNP #News


No comments:
Post a Comment