ဇွန် - ၂၇ ( စနေနေ့ )
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့တုန်းက အကြိုငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း၊ အမေရိကန်က အီရန်နိုင်ငံထဲကို ပထမဆုံးအကြိမ်အဖြစ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။
အမေရိကန် စစ်ဌာနချုပ် (CENTCOM) ရဲ့ ပြောပြချက်အရ... ကြာသပတေးနေ့တုန်းက ဟော်မုဇ်ရေလက်ကြား ထဲမှာ စင်ကာပူအလံလွှင့်ထားတဲ့ 'M/V Ever Lovely' ဆိုတဲ့ ကုန်တင်သင်္ဘောတစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ သောကြာနေ့မှာ အမေရိကန်စစ်လေယာဉ်တွေက အီရန်ရဲ့ ဒုံးကျည်စခန်းတွေ၊ ဒရုန်းသိုလှောင်ရုံတွေနဲ့ ရေဒါစနစ်တွေကို သွားရောက်ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
CENTCOM ဘက်ကလည်း သူတို့ရဲ့ အိတ်စ်ဆိုရှယ်မီဒီယာ (တွစ်တာ) စာမျက်နှာမှာ "အီရန်တပ်ဖွဲ့တွေက ကုန်သွယ်ရေးသင်္ဘောတွေကို အကြောင်းမဲ့ လာရောက်တိုက်ခိုက်တာဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အထင်အရှား ချိုးဖောက်လိုက်တာပဲ" လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
အီရန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အီရန်တောင်ပိုင်း ဟော်မုဇ်ဂန်ပြည်နယ် (Hormozgan) ထဲက ဆီရစ်ကျွန်း မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ သိရပါတယ်။ ပြီးတော့ အီရန်နိုင်ငံပိုင်သတင်းဌာန IRIB ကလည်း သူတို့ရဲ့ သတင်းမြစ်တစ်ခုကို ကိုးကားပြီး ဆီရစ်ကျွန်းအနီးမှာရှိတဲ့ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို လက်နက်ကြီး (သို့မဟုတ်) ဒုံးကျည်နှစ်ခု လာမှန်ခဲ့တယ်လို့ ပြောထားပါတယ်။
အီရန်စစ်တပ်ဘက်က သတင်းမြစ်တစ်ခုကို ကိုးကားပြီး အီရန်မီဒီယာတွေက ထပ်ပြောထားတာကတော့ ဟော်မုဇ်ရေလက်ကြားထဲမှာ စည်းကမ်းဖောက်ဖျက်တဲ့ သင်္ဘောတွေ ရှိနေလို့ ဆိုပြီး (အမေရိကန်က မဗုံးကြဲခင်) နာရီပိုင်းအလိုတုန်းက သတိပေးတဲ့အနေနဲ့ ခြောက်လှန့်ပစ်ခတ်မှုတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment