ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်၊ ဆူနာမီသတိပေးချက်များ ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်၊ ဆူနာမီသတိပေးချက်များ ထုတ်ပြန်






ဇွန်- ၈ ( တနင်္လာနေ့ ) 

၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက် (တနင်္လာနေ့) နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း၊ ဂျန်နရယ်ဆန်းတို့စ်မြို့အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။    

အဆိုပါ ပြင်းထန်သောငလျင်ကြောင့် အဆောက်အအုံအချို့ ပျက်စီးခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်ခြင်းတို့ ဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့၏ ကမ်းရိုးတန်းဒေသများတွင် ဆူနာမီရေလှိုင်း သတိပေးချက်များ ထုတ်ပြန်ကာ ပြည်သူများအား ကုန်းမြင့်ပိုင်းသို့ အရေးပေါ်ရွှေ့ပြောင်းကြရန် နှိုးဆော်ထားပါတယ် ။

အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ၏ ဖော်ပြချက်အရ တနင်္လာနေ့တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုဒေသ၌ ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအပြင် အိမ်နီးချင်း အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့တွင်ပါ ဆူနာမီသတိပေးချက်များ ထွက်ပေါ်စေခဲ့ပါတယ်။ 

USGS ၏ အချက်အလက်များအရ အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၇ မိနစ်ခန့်တွင် အနက် ၃၅ ကီလိုမီတာ (၂၁.၇ မိုင်) ကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောတွင် လူသေဆုံးမှု သတင်းပို့ချက်များ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်စောင့်ကြည့်ရေး အဖွဲ့သည် ဆူနာမီသတိပေးချက်ကိုလည်း ထုတ်ပြန်ထားပြီး ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် နှိုးဆော်ထားပါတယ်။ အမေရိကန် ဆူနာမီသတိပေးစနစ်၏ အဆိုအရ ဖိလစ်ပိုင်နိုင်ငံ၏ အချို့သောကမ်းရိုးတန်းဒေသများတွင် ဆူနာမီရေလှိုင်းများသည် ပုံမှန်ဒီရေအဆင့်ထက် ၁ မီတာမှ ၃ မီတာ (၃ ပေမှ ၉ ပေကျော်) အထိ မြင့်တက်လာနိုင်ကြောင်း သတိပေးထားပါတယ်။ 

ဂျန်နရယ်ဆန်းတို့စ်မြို့ရှိ ဒေသခံသတင်းပြန်ကြားရေးရုံးမှ ဓာတ်ပုံများတွင် ငလျင်လှုပ်ခတ်ပြီးနောက် ကုန်စုံဆိုင်များနှင့် အဆောက်အအုံများ ပြိုကျပျက်စီးနေတာကို တွေ့ရပါတယ်။ 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ က နေအိမ်စွန့်ခွာရွှေ့ပြောင်းရမည့်သူများကို ကူညီရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ရန်အတွက် "သက်ဆိုင်ရာ အစိုးရအေဂျင်စီအားလုံးကို ချက်ချင်း ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ 

၎င်းက ထုတ်ပြန်ချက်တစ်ခုတွင် "ဘေးဒဏ်သင့်ဒေသတွေက ကျနော်တို့ရဲ့ တိုင်းရင်းသား မိဘပြည်သူများခင်ဗျာ၊ ကျေးဇူးပြုပြီး ဆူနာမီသတိပေးချက်ကို လိုက်နာကြပါ။ အခုပဲ ကုန်းမြင့်ပိုင်းတွေကို ရွှေ့ပြောင်းကြပါ။ အချိန်ဆွဲမနေကြပါနဲ့။ သင်တို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ဟာ နောက်ကွယ်မှာ ကျန်ရစ်ခဲ့တဲ့ ဘယ်အရာထက်မဆို ပိုပြီးအရေးကြီးပါတယ်" လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ 


REF: CNN

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)