အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မွမ်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည့် Gateway of India အား သွားရောက်ကြည့်ရှု လေ့လာခဲ့သည်။
ထိုသို့ ကြည့်ရှုလေ့လာရာတွင် တာဝန်ရှိသူများက Gateway of India ၏ သမိုင်းကြောင်း၊ ဗိသုကာလက်ရာဆိုင်ရာ ထူးခြားချက်များနှင့် ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် အထင်ကရ နေရာတစ်ခုအဖြစ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
#MNP #News














No comments:
Post a Comment