ငလျင်ကြောင့် သေဆုံးသူ လူဦးရေ ၁,၄၅၀ ဦးအထိ မြင့်တက်လာဟု ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Jorge Rodríguez ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ငလျင်ကြောင့် သေဆုံးသူ လူဦးရေ ၁,၄၅၀ ဦးအထိ မြင့်တက်လာဟု ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Jorge Rodríguez ဆို


ကရာကက်စ်၊ ဇွန် ၂၉ 

ဗင်နီဇွဲလားနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ လူဦးရေသည် ၁,၄၅၀ ဦး အထိ မြင့်တက်လာကြောင်း၊ ပြိုလဲသော သို့မဟုတ် ထိခိုက်ပျက်စီးသော အဆောက်အဦအရေအတွက်မှာ ၇၇၄ ခု အထိ ရှိကြောင်း ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Jorge Rodríguez က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

Jorge Rodríguez က ထိုနေ့တွင် ဗင်နီဇွဲလားနိုင်ငံ နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် အမှာစကားပြောကြားရာ၌ လက်ရှိတွင် ဗင်နီဇွဲလားနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အင်အားများနှင့် အရင်းအမြစ်များတွင် ကယ်ဆယ်ရေးဝန်ထမ်း ၂,၆၂၄ ဦး၊ ရှာဖွေကယ်ဆယ်‌ရေးခွေး ၁၃၇ ကောင်၊ ကယ်ဆယ်ရေးယာဉ် ၄၉ စီ၊ ပစ္စည်းနှင့်ဆေးဝါး ၈၄.၄ တန် စသည်တို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းက ပံ့ပိုးပေးသည့် အကူအညီများအတွက် ကျေးဇူးတင်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ 


Ref - Xinhua

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)