ပေါင်၊ ဇွန် ၂၉
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါင်မြို့နယ်သမဝါယမအသင်းစုမှ အထက(ပေါင်)၏ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း(၂)နှစ်ဆက်တိုက် ဒုတိယဆုရရှိသည့်အတွက် ဂုဏ်ပြုငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုလီမိတက်တွင်ပြုလုပ်ခဲ့ရာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်သင်းယုနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအေးမင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပေါင်မြို့နယ်သမဝါယမအသင်းစုမှ အထကပေါင်၏ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း(၂)နှစ်ဆက်တိုက် ဒုတိယဆုရရှိသည့်အတွက် ဂုဏ်ပြုငွေကျပ်သိန်း (၂၀)နှင့် ထီးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး
#MNP #News


No comments:
Post a Comment