မြောက်ဥက္ကလာ၊ ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ နိုင်ငံ့၀န်ထမ်း အငြိမ်းစားများ နှင့် အသက် ၁၈ နှစ်ထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer Vaccine)ထိုးနှံပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက်ပိုင်းက ကျန်းမာရေး၀န်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာထုတ်ကြသော နိုင်ငံ့၀န်ထမ်း အငြိမ်းစားများ နှင့် အသက် ၁၈ နှစ်ထက် ပြည်သူများအား ကာကွယ်ဆေး မထိုးနှံမှီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းများဆောင်ရွက်ပြီး ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး (Pfizer Vaccine) ကို ကျန်းမာရေး၀န်ထမ်းများကထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
သက်လွင်စိုး
#MNP #News




No comments:
Post a Comment