အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယရဲ့ အမှားများကို ဓမ္မဒေသနာများဖြင့် ခွဲခြမ်းစိတ်ဖြာပြခြင်း (အပိုင်း- ၅) - Myanmar National Post

Myanmar National Post

News Agency

Breaking

အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယရဲ့ အမှားများကို ဓမ္မဒေသနာများဖြင့် ခွဲခြမ်းစိတ်ဖြာပြခြင်း (အပိုင်း- ၅)


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်း ၁၆ မိုင်၊ ၅ ဖာလုံအနီးမှာ တည်ရှိတဲ့ အရိယာမဏ္ဍိုင်တောရရိပ် သာ တည်ထာင်သူ ကျောင်းပိုင် ကျောင်းထိုင် ဦးသူရိယရဲ့ တပည့်ဖြစ်သူ ကိုမောင်ကြီးက ဦးသူရိယရှေ့၊ ပရိသတ် များရှေ့မှာ ပါချုပ်ဆရာတော်ကြီး ဟောထားတဲ့ မဂ္ဂင်ရှစ်ပါး တရားနဲ့ နိဗ္ဗာန်ရောက်သူမရှိကြောင်း၊ သောတာပန်ဖြစ်သူ မရှိကြောင်း ငြင်းခုန်ပြောဆိုခြင်းဆိုတဲ့ ရုပ်သံဖိုင်တစ်ဖိုင် ရောက်ရှိပျံ့လာခဲ့ပါတယ်။ 

ပါချုပ်ဆရာတော်ကြီး ဟောထားတဲ့ မဂ္ဂင်ရှစ်ပါးတရားနဲ့ နိဗ္ဗာန်ရောက်သူမရှိကြောင်း၊ သောတာပန်ဖြစ်သူ မရှိ ကြောင်း ငြင်းခုန်ပြောဆိုခြင်းကို အရိယာမဏ္ဍိုင်တောရ ရိပ်သာမှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ပါဝင် သူများကတော့ ဦးသူရိယရယ်၊ ကိုမောင်ကြီးရယ်၊ ဗွီဒီယို ရိုက်ကူးရးသမားရယ်နဲ့ ရန်ရန်ရယ်-လို့ ၄ ဦး ပါဝင်ကြောင်း တွေ့ရပါတယ်။ 

ကိုမောင်ကြီးနဲ့ ဦးသူရိယတို့က ဦးသူရိယဟောတဲ့ တရားတွေ မဂ္ဂင်ရှစ်ပါးတရားတွေ တရားပြနည်းတွေကြောင့် သာတာပတ္တိမဂ်ကို လေးငါးရက်ဖြင့် ရရှိနေကြကြောင်း၊ လေးငါးရက် တရားနာရုံနဲ့တင် ငါပြုတ်သွားစေနိုင်တဲ့ နည်းလမ်းဖြစ်ကြောင်း၊ ထိထိမိမိနဲ့ ဒိုင်းကနဲ ဒိုင်းကနဲ ဉာဏ်ရောက်အောင် ပြပေးနိုင်ကြောင်း၊ သဘာဝအထိ ရောက်အောင် ပြပေးတဲ့နည်းဖြစ်ကြောင်း၊ လွယ်လွယ်နဲ့ တရားထူးရစေတဲ့ ကမ္မဋ္ဌာန်းနည်းဖြစ်ကြောင်း နာမ်ပညတ် ကို သိမ်းဆည်းကြောင်း စသည်များကို ပြောဟောတင်ပြ ရင်း ဝါဒဖြန့်ရန် ခွင်ထွင်ချက် ပြင်ဆင်ချက် ဖြစ်ပါတယ်။ 

ပါချုပ်ဆရာတော်ကြီးနဲ့ ပါချုပ်ဆရာတော်ကြီးရဲ့ မဂ္ဂင်ရှစ် ပါးတရားကို တမင် သက်သက် ကျုံးသွင်းချက် ချနင်းချက် ဖြစ်ပါတယ်။ သူတို့အတွက် အကျိုးရှိမယ့် လုပ်ရပ်လို့ သူတို့က ထင်မြင်နေကြမှာ ဖြစ်ပေမယ့် သူတို့လုပ်ရပ်က သူတို့ကို ဗုဒ္ဓသာသနာတော်ပြင်ပက အညတိတ္ထိယဝါဒီတွေ ဖြစ်ကြောင်း မိစ္ဆာဝါဒီတွေဖြစ်ကြောင်း အဓမ္မဝါဒီတွေဖြစ် ကြောင်း သက်သေခံချက် ဖြစ်လာပါတယ်။ ဦးသူရိယနဲ့ ကိုမောင်ကြီးဆိုသူ ဆရာတပည့်၂ ဦးတို့ရဲ့ ပြောချက်တွေ ဆက်လက်လေ့လာကြည့်ပါစို့ဗျား-

ရန်ရန်။     ။ ဟာ ! ရတယ်ဆိုပြီး အခု ဘယ်လို ပြောနေ တာတုံး။

ကိုမောင်ကြီး။     ။ ခင်ဗျားကို လွှမ်းမိုးပြီးပြောမှ ရတယ် လေ ဒီစကား ကျွန်နော်က တိုးတိုးလေး ဟုတ်တယ် ဟုတ်တယ်ပြောလို့ ရမလား။ ကိုအောင်သန်းလင်းလို အေးအေးဆေးဆေးလေး တစ်ခွန်းပြီး တစ်ခွန်းပြောမယ် 

ရန်ရန်။ ။ ရယ်နေ၏။ 

ကိုမောင်ကြီး။     ။ လွှမ်းမိုးတဲ့သူကို လွှမ်းမိုးတဲ့နည်းနဲ့ပဲ ပြန်ပြောရမယ်လေ အသံ ဒီ့ထက် မာပြရမလား မာပြီး ပြောရမယ်၊ ဒါမှ Impression ရပြီး Attention ရပြီး ခင်ဗျား နား နားထောင်လို့ ရအောင် ပြောနေတာ။

ရန်ရန်။     ။ ဪ တရားရတဲ့ပုံက ဒီလိုပြောနေရတာ တစ်ခါမှ မတွေ့ဘူးဘူး။

ကိုမောင်ကြီး။    ။ ဒါပေါ့ ခင်ဗျား အခုတွေ့ဖူးပြီမလား ခင်ဗျားက အနိုင်လိုချင်တာပဲ ရှိမှန်း သိတယ်လေ ။

Video ရိုက်သူ။ ။" လိုရင်း ပျောက်သွားပြီ ကဲ ခန နားထောင် ကိုမောင်ကြီးပြောတဲ့ပုံက ညှိနှိုင်းပြီးသွားမှ ဒါမှ အရှေ့ရောက်မယ် "

ဦးသူရိယ။ ။ ဘယ်သူက အာမခံပေးမှာတုံး 

ရန်ရန်။     ။ ဘယ်သူမှ အာမခံလို့ မရဘူး။

ကိုမောင်ကြီး။   ။ ကိုယ့်ကိုယ်ကိုရော အာမခံလို့ မရဘူးလား?

ရန်ရန်။    ။ အေးလေ ကိုယ့်ဘာသာ အသိဆုံးလေ ။

ကိုမောင်ကြီး။     ။ အေး အဲ့ဒါကြောင့်မို့ ပြောတာလေ ။

video ရိုက်သူ။ ။"ဘုန်းဘုန်းကြီးရဲ့ ထက်မြတ်တဲ့ ဉာဏ် ကမ္မဌာန်းတွေကို စောင့်လျှောက်ဖို့အတွက် ဦးတည်နေ တာလေ အားလုံးက။

ရန်ရန်။   ။ ကဲ မေးပြီ ! မြန်မာပြည်မှာ မရှိတော့ဘူး လား ?

ကိုမောင်ကြီး။  ။ ကျွန်တော့်ခေါင်းစဉ်ကတစ်ခု ဘာမှ ဆွဲချမနေနဲ့ အချိန်ကုန်လွန်းလို့ အလကား ၊ အခုပြောပြီ ဒီလို လွယ်လွယ်နဲ့ ဉာဏ်ရောက်တဲ့လူ နေရာ နည်းမျိုး ရှိလား ?

Video ရိုက်သူ။ ။" မတွေ့သေးပါဘူး "

ဦးသူရိယ။ ။ ဒကာကြီးကို ပြပေးမယ့်သူ ရှိလား 

ကိုမောင်ကြီး။  ။ အခု ဆရာတော်ပြသလို 

ကဲ ! " သောတာပတ္တိမဂ်ကို လေးငါးရက် " 

သောတာပတ္တိမဂ်ဆို ကြီးသွားလိမ့်မယ်

ငါပြုတ်သွားတဲ့ဟာ လွယ်လွယ်နဲ့ ပြတဲ့ ကမ္မဌာန်းရှိလား?

ပြီးတော့ နောက်ထပ် ကမ္မဌာန်းအဆင့်တွေ  သကဒါဂမ် အဆင့်တွေ နာမ်ပညတ်ကို သိမ်းဆည်း၊ သဘာဝအထိ ရောက်အောင် ပြနိုင်တဲ့ နည်းစနစ်ရှိလား?။ ပြီးပြီ

ဝေဖန်ချက်

အပိုင်း-၃ မှာ  ပါချုပ်ဆရာတော်ကြီး ဟောထားတဲ့ မဂ္ဂင် ရှစ်ပါး တရားနဲ့ နိဗ္ဗာန်ရောက်သူမရှိကြောင်း၊ သောတာ ပန်ဖြစ်သူ မရှိကြောင်း ပြောဆိုချက်များနဲ့ ပါချုပ်ဆရာ တော်ရဲ့ မဂ္ဂင်ရှစ်ပါးတရားကို ပယ်ကြောင်း၊ မြန်မာနိုင်ငံရှိ အခြားရိပ်သာဆရာတော်များရဲ့ တရားများ အားလုံးကို လည်း ပယ်ကြောင်း ပြောဆိုချက်များကို တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။ 

ဘာသာသာသနာတစ်ခုကို မဂ္ဂင်ရှစ်ပါးတရားနဲ့ တိုင်းတာ ဆုံးဖြတ်ရတာဖြစ်ကြောင်း၊ အဲဒါကြောင့် ပါချုပ်ဆရာတော် ကြီးရဲ့ မဂ္ဂင်ရှစ်ပါးတရားက ဘုရားဟောနဲ့ ညီရင် ဘုရား ရှင်ရဲ့ မဂ္ဂင်ရှစ်ပါးတရားပဲ ဖြစ်ကြောင်း။ ဒီဗုဒ္ဓသာသနာရဲ့ အရေးအကြီးဆုံး မဂ္ဂင်ရှစ်ပါးတရားပဲ ဖြစ်ကြောင်း။ သေချာ တာကတော့ ဦးသူရိယနဲ့ ကိုမောင်ကြီးတို့ရဲ့ ပယ်-စကား များအရ ပါချုပ်ဆရာတော်ကြီးရဲ့ မဂ္ဂင်ရှစ်ပါးတရားက ဘုရားဟောနဲ့ ညီရင် ဦးသူရိယနဲ့ ကိုမောင်ကြီးတို့ရဲ့ မဂ္ဂင် ရှစ်ပါးတရားဟာ ဘုရားဟောနဲ့ မညီဘူးလို မှတ်ယူရမှာ ဖြစ်ကြောင်း တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။ 

အပိုင်း-၄ မှာ ဦးသူရိယရဲ့ တရားဟောတရားပြ လက် ထောက်ဆရာဖြစ်သူ ကိုမောင်ကြီးက ဦးသူရိယရဲ့ တရား ဟောပြချက်များ တရားနည်းများကြောင့် နိဗ္ဗာန်ရသူ ဖြစ် ကြာင်း၊ သောတာပန်ဖြစ်ရသူ ဖြစ်ကြာင်း ပြောဆိုချက်များနဲ့

အဲဒီကိုမောင်ကြီးမှာ သောတာပန်အစစ်များရဲ့ အခြေအနေ များ၊ ဂုဏ်အရည်အချင်းများ မရှိကြောင်း တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။ 

အခု အပိုင်း-၅ မှာတော့ အထက်မှာ ဖော်ပြထားတဲ့အတိုင်း စာပိုဒ် ၃ အရ စကားပြောဖက်ဖြစ်သူ ရန်ရန်က ကိုမောင် ကြီးရဲ့ ဒေါသဖြစ်နေရင်း ပြောဆိုနေပုံများကို မျက်မြင်နား ကြား တွေ့နေရခြင်းကြောင့် ကိုမောင်ကြီးဟာ နိဗ္ဗာန်ရသူ လို့ အသိအမှတ်မပြုနိုင်ကြောင်း၊ သောတာပန်ဖြစ်သူလို့ အသိအမှတ်မပြုကြောင်း ဆန့်ကျင်ဆွေးနွေးထားပါတယ်။ 

ရန်ရန်က လက်မခံတာကတော့ ကိုမောင်ကြီးဆိုသူဟာ နိဗ္ဗာန်ရသူမဟုတ်ဘူး၊ သောတာပန်မဟုတ်ဘူးလို့ သိနေ လို့ပဲ ဖြစ်ပါတယ်။ သောတာပန်ဖြစ်တယ်ဆိုတာ ဝိသုဒ္ဓိ ၇ ပါး ကျင့်စဉ်ဆိုတာကို အစဉ်အတိုင်း ကျင့်သူ ဖြစ်မှ သော တာပန် ဖြစ်နိုင်ပါတယ်။ ဝိပဿနဉာဏ်စဉ် ၁၀ ပါး ဖြစ် ထိုက်သလို အစဉ်အတိုင်း သိသူဖြစ်မှ သောတာပန် ဖြစ် နိုင်ပါတယ်။ မဟာသတိပဋ္ဌာန် ၄ ပါး ကျင့်ပုံကျင့်နည်း မှန်မှ သောတာပန် ဖြစ်နိုင်ပါတယ်။ အဲဒီအကျင့်တွေကို အစမှ အဆုံးအထိ ကျင့်ပြီးသူ မဟုတ်ခြင်းကြောင့် ကို မောင်ကြီးဟာ နိဗ္ဗာန်ရသူ မဟုတ်ပါဘူး။ သောတာပန် ဖြစ်သူ မဟုတ်ပါဘူး။

ကီဋာဂီရိသုတ်

၁၈၃။ ရဟန်းတို့ စလျှင်စချင်းပင် အရဟတ္တဖိုလ်၌ တည် ခြင်းကို ငါဘုရား မဟော၊ 

ရဟန်းတို့ စင်စစ်သော်ကား သိက္ခာစဉ်, လုပ်ငန်းစဉ်, ကျင့်စဉ်ဖြင့် အရဟတ္တဖိုလ်၌ တည်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် သိက္ခာစဉ်, လုပ်ငန်းစဉ်, ကျင့်စဉ်ဖြင့် အရဟတ္တဖိုလ်၌ တည်ခြင်းသည် ဖြစ်သနည်း ဟူမူ- 

ရဟန်းတို့ သဒ္ဓါတရားဖြစ် သောသူသည် အနီးသို့ ချဉ်း ကပ်၏၊ အနီးသို့ ချဉ်းကပ်သောသူသည် အရိုအသေ ဆည်းကပ်၏၊ အရိုအသေ ဆည်းကပ်သောသူသည် နား ထောင်၏၊ နားထောင်သောသူသည် တရားနာ၏၊ တရားနာ ၍ တရားကို ဆောင်၏၊ ဆောင်ပြီးသော တရားတို့၏ အ နက်ကို ဆင်ခြင်၏၊ အနက်ကို ဆင်ခြင်သောသူသည် တရားတို့ကို ရှုနိုင်၏၊ 

တရားတို့ကို ရှုနိုင်သည်ရှိသော် အလိုဆန္ဒဖြစ်ပေါ်၏၊ အလို ဆန္ဒဖြစ်ပေါ်သောသူသည် အားထုတ်၏၊ အားထုတ်၍န ှိုင်းချိန်၏၊ နှိုင်းချိန်၍ လွန်စွာအားထုတ်၏၊ နိဗ္ဗာန်သို့ စေ လွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နာမကာယဖြင့်လည်း မြတ်သော သစ္စာကို မျက်မှောက်ပြု၏၊ မဂ်ပညာဖြင့်လည်း ထိုမြတ်သောသစ္စာကို ထိုးထွင်း၍ မြင်၏။

ရဟန်းတို့ ထိုသဒ္ဓါတရားမျှလည်း မဖြစ်ပလေ၊ 

ထိုအနီးသို့ ချဉ်းကပ်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုအရိုအသေ ဆည်းကပ်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုနားထောင်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုတရားနာခြင်းမျှလည်း မဖြစ်ပလေ၊ 

ထိုတရားကို ဆောင်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုအနက်ကို ဆင်ခြင်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုတရားကို ရှုနိုင်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုအလိုဆန္ဒမျှလည်း မဖြစ်ပလေ၊ ထိုအားထုတ်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုနှိုင်းချိန်ခြင်းမျှလည်း မဖြစ်ပလေ၊ 

ထိုပြင်းထန်စွာ အားထုတ်ခြင်းမျှလည်း မဖြစ်ပလေ။ 

ရဟန်းတို့ (သင်တို့သည်) ဖောက်ပြန်သော အကျင့်ရှိ ကုန်၏၊ မှားသောအကျင့်ရှိကုန်၏။ 

ရဟန်းတို့ ဤအချည်းနှီးသော ယောက်ျားတို့သည် ဤသာ သနာတော်မှ အဘယ်မျှ ဝေးဝေးပြေးကြလိမ့်မည်နည်း။

ရဟန်းတို့ ယုံကြည်ခြင်းရှိသော ဆရာ့အဆုံးအမ၌ သက် ဝင်၍ ကျင့်နေသော တပည့်သာဝကအား ဆရာ့အဆုံးအမ သည် ကြီးပွါးစည်ပင်၏။ အခြေခိုင်ခံ့၏။ 

ရဟန်းတို့ ယုံကြည်ခြင်းရှိသော ဆရာ့အဆုံးအမ၌ သက် ဝင်၍ ကျင့်နေသော တပည့်သာဝကအား ''ကိုယ်၌ အရေ သည်လည်းကောင်း၊ အကြောသည်လည်းကောင်း၊ အရိုး သည်လည်းကောင်း အကယ်၍ ကြွင်းကျန်စေကာမူ အသားအသွေးသည် ခန်းခြောက်စေကာမူ ယောက်ျား တို့၏အစွမ်း ယောက်ျားတို့၏ ဝီရိယ ယောက်ျားတို့၏ လုံ့လဖြင့် ရအပ်ရောက်အပ်သော အရဟတ္တဖိုလ်သို့ မရောက်သေးသမျှ ဝီရိယ၏လျော့ပါးခြင်းသည် မဖြစ် လတ္တံ့'' ဟူသော ဤသဘောသည် ဖြစ်၏။ 

ရဟန်းတို့ ယုံကြည်ခြင်းရှိသော ဆရာ့အဆုံးအမ၌ သက် ဝင်၍ ကျင့်သောတပည့်အား ''မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်လည်းကောင်း၊ ဥပါဒါန် ကြွင်းရှိသေးမူ အနာဂါမ်ပုဂ္ဂိုလ်အဖြစ်လည်းကောင်း'' ဤသို့ နှစ်ပါးသော အကျိုးတို့တွင် တစ်ပါးပါးသော အကျိုးသည် ဧကန်ဖြစ်ရ မည်ဟု မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ 

ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။ ဆယ်ခုမြောက် ကီဋာဂိရိ သုတ် ပြီး၏။ (မ၊ ၂၊ ၁၄၅။)

တကယ်တမ်းမှ အရိယမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယရဲ့ တရားဟောနည်း တရားပြေနည်းဟာ ဘုရားရှင် ဟောတဲ့ နည်းမဟုတ်ပါ။ ဝိသုဒ္ဓိ ၇ ပါး ကျင့်စဉ်နဲ့ မညီပါ။ ဉာဏ်စဉ် ၁၀ နဲ့ မညီပါ။ မဟာသတိပဋ္ဌာန် ၄ ပါးနဲ့ မညီပါ။ 

ဒါကြောင့် ဦးသူရိယဟာလည်း ရဟန္တာမဟုတ်ပါ။ ဦးသူရိ ယက ရဟန္တာလို့ သတ်မှတ်ပေးခြင်းခံရသူ အရှင်သီဟရာ ဇာ (ဆရာဝန်ဘဝမှ ရဟန္တာဖြစ်ပြီလို့ ပြောတဲ့ ဦးသူရိယ စကားကို ယုံမိပြီး ရဟန်းဝတ်လာသူ၊ အခု ရဟန်းဘဝမှ လူဝတ်လဲသွားသူ)၊ အရှင်စန္ဒာလောက အစရှိတဲ့ ရဟန္တာ ဆိုသူတွေဟာလည်း ရဟန္တာမဟုတ်ပါ။ အမည်ခံရဟန္တာ တွေသာ ဖြစ်ပါတယ်။ အမည်တပ်ခံရ သမုတ်ခံရ ရဟန္တာ တွေသာ ဖြစ်ပါတယ်။

အဲသလိုပါပဲ ကိုမောင်ကြီး အပါအဝင် သောတာပန်ဆိုသူ တွေဟာလည်း ဦးသူရိယ သမုတ်ထားတဲ့ သောတာပန်တွေ သာ ဖြစ်ပါတယ်။ သောတာပန်အတုတွေသာ ဖြစ်ပါတယ်။ 

ရောက်ရှိနေခြင်းအဆင့်က ဝိပဿနာဆိုရင် ဒီဝိပဿနာအ ဆင့်ကို ရောက်အောင် ဘယ်လိုလာရတယ်ဆိုတာ ရှိရပါ တယ်။ လမ်းရှိရပါတယ်။ ရောက်ရှိနေခြင်းအဆင့်က သော တာပန်ဆိုရင် ဒီသောတာပန်အဆင့်ကို ရောက်အောင် ဘယ်လိုလာရတယ်ဆိုတာ ရှိရပါတယ်။ လမ်းရှိရပါတယ်။ 

ရာက်ရှိနေခြင်းအဆင့်က ရဟန္တာဆိုရင် ဒီရဟန္တာအဆင့် ကို ရောက်အောင် ဘယ်လိုလာရတယ်ဆိုတာ ရှိရပါ တယ်။ လမ်းရှိရပါတယ်။ 

ဦးသူရိယနဲ့ ကိုမောင်ကြီးတို့ရဲ့ တရားနည်းလမ်းများမှာ လာရာလမ်းရယ်လို့ တိတိပပ မရှိပါဘူး။ တရားဟောတယ် ဆိုပြီး ထင်ရာမြင်ရာတွေကို ဟောတယ်။ တရားနာတယ်ဆို ပြီး ဦးသူရိယ ဟောသမျှတွေကို နားထောင်တယ်။ ပြီးတာ နဲ့ သောတာပန်လို့ ပြောတာခံရသူက ခံရတယ်။ အဲဒီမှာပဲ သောတာပန် ဖြစ်သွားရော။ ရဟန္တာလို့ ပြောတာခံရသူက ခံရတယ်။ အဲဒီမှာပဲ ရဟန္တာ ဖြစ်သွားရော။ ရူးသွားကြတာ ဖြစ်ပါတယ်။ 

စာပိုဒ် ၄ ကို ဆက်လက်လေ့လာစိစစ်ကြည့်တော့ ဘယ်သူ က အာမခံနိုင်လဲဆိုတဲ့ ပြဿနာပေါ်နေတာ တွေ့ရပါ တယ်။ ဗွီဒီယိုရိုက်ကူးသူက "ဘုန်းဘုန်းကြီးရဲ့ ထက်မြတ် တဲ့ဉာဏ် ကမ္မဌာန်းတွေကို စောင့်လျှောက်ဖို့အတွက် ဦး တည်နေတာလေ"လို့ ဝင်ပြောထားတာ တွေ့ရပါတယ်။ 

စာပိုဒ် ၅ ကို ပြန်ဖတ်ကြည့်ပါအုံး။ ကိုမောင်ကြီးက "မြန် မာပြည်မှာ ဒီလို လွယ်လွယ်နဲ့ ဉာဏ်ရောက်တဲ့ လူ နေရာ နည်းမျိုး မရှိဘူး"လို့ ပြောကာ အခြားရိပ်သာနည်းတွေ အားလုံးကို ပယ်ချထားပါတယ်။ 

ကိုမောင်ကြီးက "အခု ဆရာတော်ပြသလို သောတာပတ္တိ မဂ်ကို လေးငါးရက်နဲ့ ပြပေးတဲ့ ကမ္မဋ္ဌာန်း မရှိဘူး"လို့ ဆက်ပြောထားပါတယ်။ "သောတာပတ္တိမဂ်ဆိုရင် ကြီးသွား လိမ့်မယ်။ ငါပြုတ်သွားတဲ့ဟာ လွယ်လွယ်နဲ့ ပြတဲ့ ကမ္မဌာန်းတောင် မရှိဘူး။ ပြီးတော့ နောက်ထပ် ကမ္မဌာန်း အဆင့်တွေ  သကဒါဂမ်အဆင့်တွေ နာမ်ပညတ်ကို သိမ်း ဆည်းတာတွေ၊ သဘာဝအထိ ရောက်အောင် ပြနိုင်တဲ့ နည်းစနစ် မရှိဘူး"လို့ ဆက်ပြောထားပါတယ်။

တကယ်တမ်းကတော့ ကိုမောင်ကြီး အပါအဝင် ဦးသူရိယ ရဲ့ တရားနည်းအရ အရိယာဖြစ်သူတွေ သောတာပန်ဖြစ်သူ တွေ သကဒါဂါမ်ဖြစ်သူတွေ အနာဂါမ်ဖြစ်သူတွေ ရဟန္တာ ဖြစ်သူတွေ အားလုံးဟာ အတုတွေချည်းသာ ဖြစ်ပါတယ်။ 

ဘုရားရှင် ဟောကြားထားတဲ့ သိက္ခာသုံးပါး ကင်းမဲ့သူတွေ သာ ဖြစ်ပါတယ်။ ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင်ရှစ်

ါပါး ကင်းမဲ့သူတွေသာ ဖြစ်ပါတယ်။ 

ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ပြီး သာသနာပြင်ပ အည တိတ္ထိယအကျင့်တွေနဲ့ ဟောပြောနေသူတွေ နာယူနေသူ တွေ ဖြစ်ပါတယ်။ အရိယာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဆိုတဲ့ ဗုဒ္ဓသာသနာရဲ့ အထွတ်အမြတ် ဂုဏ်ရည်ဂုဏ်သွေးတွေကို ဖြိုချဇျက်ဆီးနေသူတွေ ဖြစ်ပါ တယ်။ 

စတုတ်ထပါရာဇိကသိက်ခာပုဒျ

ရဟန်းတို့ အကြင် ရဟန်းသည် (မိမိသန္တာန်၌) ထင်ရှား မရှိသော မဟုတ်မမှန်သော လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွားပြောဆို၏၊ 

ဤရဟန်းသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွ သော ဗြဟ္မာနှင့်တကွသော ဤဩကာသလောက၌လည်း ကောင်း၊ ရဟန်းပုဏ္ဏားနှင့်တကွသော မင်းများ လူများနှင့် တကွသော ဤသတ္တဝါအပေါင်း၌လည်းကောင်း အဆိုးဆုံး အကြီးဆုံး ခိုးသူကြီးပေတည်း၊ 

ထိုသို့ ဖြစ်ရခြင်းသည် အဘယ်ကြောင့်နည်းဆိုလျှင် ရဟန်းတို့ တိုင်းသူပြည်သားတို့၏ ဆွမ်းကို ခိုး၍ စားသောကြောင့်ပေတည်း။

''မိမိသန္တာန်မှာ မြင့်မြတ်သော တရားမရှိဘဲလျက် မြင့်မြတ်သော တရားရှိဟန် ပြောဆိုသောရဟန်းသည် စဉ်းလဲသော ကစားသမား (ငှက်မုဆိုး)ကဲ့သို့ ပြည်သူ တို့၏ ဆွမ်းကို ခိုးစားသည် မည်၏။

သင်္ကန်းကို လည်တွင် သိုင်း၍ ညစ်ညမ်းသော သဘော ရှိကုန်သောစောင့်စည်းမှု ကင်းကွာ၍ ယုတ်မာကုန်သော များစွာသော ရဟန်းတို့သည် မကောင်းမှုအကုသိုလ် ကံကြောင့် ငရဲသို့ကပ်ရောက်ကြရကုန်၏။

အကျင့်သီလမရှိဘဲ ှေစာင့်ထိန်းမှု 'သံဝရ' မရှိဘဲ တိုင်းသူ ပြည်သားတို့ လှူဒါန်းသော ဆွမ်းကိုစားခြင်းထက် ရဲရဲညီး ဖုတ်ထားသော သံတွေခဲကို စားရခြင်းက မြတ်သေး၏''။

(ဝိ၊ ၁၊ ၁၁၅။)

အထက်ပါ ဝိနည်းတော်အရ အရိယာမဏ္ဍိုင်တောရရိပ်သာ သဘာဝဓမ္မအရှင်သူရိယ အမည်ခံသူ ဦးသူရိယနဲ့ အပေါင်း အပါများဖြစ်တဲ့ ဦးပညာနန္ဒ၊ ဦးအဂ္ဂဓမ္မ၊ ဦးဝိသုဒ္ဓ စတဲ့ ရဟန်းတွေ အားလုံးဟာ စတုတ္ထပါရာဇိကသိက္ခာပုဒ်ကို ကျူးလွန်ထားသူများဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရပါတယ်။ 


(ဆက်ပါအုံးမယ်။)

အောင်မြိုင်(မစိုးရိမ်စာသင်သား)

9-11-2023

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)