နေပြည်တော်၊ ဇွန် ၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Barnaby Jones နှင့် အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် UNHCR ဝန်ထမ်းများ ပြည်တွင်းခရီးသွားလာမှုနှင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များသို့ အသိပေးဆောင်ရွက်နိုင်ရေးနှင့် တရားဝင် မှတ်ပုံတင်ဖွဲ့စည်းထားသည့် NGO ၊ INGO များဖြင့်သာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ UNHCR အနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ အတည်ပြုထုတ်ပြန်ထားသည့် အချက်အလက်များ အသုံးပြုဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment