မြောက်ဥက္ကလာ၊ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သာသနာ့နွယ်၀င် သံဃာ တော်များ နှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer Vaccine)ထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ သတ်မှတ် ဘုန်းတော်ကြီးကျောင်းများတွင်ယနေ့ နံနက်ပိုင်းမှ စ၍ ကျန်းမာရေး၀န်ထမ်းများက စတင်ထိုးနှံခဲ့ ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ရွှေပေါက္ကံ21ရပ်ကွက် မော်ကျွန်းဘုန်းကြီးကျောင်း၊ ကျောက်ရေတွင်းရပ်ကွက် ဘုန်းကြီးကျောင်း၊သီလရှင်ကျောင်းများ ရှိ သာသနာ့နွယ်၀င် သံဃာ တော်များ နှင့် သီလရှင်များအား ကာကွယ်ဆေး မထိုးနှံမှီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းများဆောင်ရွက်ပြီး သာသနာ့နွယ်၀င် သံဃာ တော်များ နှင့် သီလရှင်များအားကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး (Pfizer Vaccine) ကိုထိုးနှံပေးခဲ့ကြောင်းသိရသည်။
သက်လွင်စိုး
#MNP #News





No comments:
Post a Comment