အမေရိကန်မှာ AI နည်းပညာနဲ့ Deepfake (ရုပ်သံ/အသံအတု) တွေကို သုံးပြီး ငွေကြေးလိမ်လည်မှုတွေကြောင့် တစ်ရက်ကို ဒေါ်လာ ၁၈၆ သန်းခန့် အထိ ဆုံးရှုံးခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်မှာ AI နည်းပညာနဲ့ Deepfake (ရုပ်သံ/အသံအတု) တွေကို သုံးပြီး ငွေကြေးလိမ်လည်မှုတွေကြောင့် တစ်ရက်ကို ဒေါ်လာ ၁၈၆ သန်းခန့် အထိ ဆုံးရှုံးခဲ့


ဇူလိုင်လ -၁ ( ဗုဒ္ဓဟူးနေ့ ) 

စစ်တမ်းအသစ်တစ်ခုအရ ၂၀၂၅ ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ လူပေါင်း ၁၅ သန်းလောက်ဟာ အွန်လိုင်း လိမ်လည်လှည့်ဖြားတာ ခံခဲ့ရပြီး ငွေကြေးဆုံးရှုံးခဲ့ကြရတယ်လို့ သိရပါတယ်။ အဲ့ဒီအထဲက တော်တော်များများမှာ AI နဲ့ ဖန်တီးထားတဲ့အရာတွေ၊ Deepfake (ရုပ်သံ/အသံအတု) တွေ ပါဝင်နေတာပါ။ နိုင်ငံတစ်ဝှမ်းလုံးမှာ စုစုပေါင်း ဆုံးရှုံးမှုပမာဏက ကန်ဒေါ်လာ ၆၈ ဘီလီယံလောက်အထိ ရှိခဲ့ပြီး၊ ဒါဟာ တစ်ရက်ကို ဒေါ်လာ ၁၈၆ သန်းလောက် အခိုးခံနေရတဲ့ သဘောပါပဲ။

ဒီအချက်အလက်တွေဟာ မနေ့က Gallup နဲ့ Stop Scams Alliance တို့ ပူးပေါင်းထုတ်ပြန်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အွန်လိုင်းလိမ်လည်မှု၊ ငွေကြေး နဲ့ စိတ်ဓာတ်ကျဆင်းမှု ဆိုတဲ့ အစီရင်ခံစာကနေ သိရတာဖြစ်ပြီး၊ အမေရိကန်လူကြီးပိုင်း ၅,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

စစ်တမ်းဖြေဆိုသူတွေထဲက ၆% ကတော့ သူတို့ကိုယ်တိုင် လိမ်လည်ခံခဲ့ရတာလို့ ပြောပြီး၊ နောက်ထပ် ၄% ကတော့ သူတို့အိမ်သူအိမ်သားတစ်ဦးဦး လိမ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ခြုံပြီးပြောရရင်တော့ အမေရိကန်လူထုရဲ့ ၂၄% ဟာ သူတို့ရဲ့ လူကြီးဘဝ သက်တမ်းတစ်လျှောက်မှာ အနည်းဆုံး တစ်ကြိမ်တော့ လိမ်လည်တာ ခံဖူးကြပြီး၊ အဲ့ဒီထဲက ၁၀% ကတော့ တစ်ကြိမ်ထက်မက (ခဏခဏ) အလိမ်ခံခဲ့ရတာ ဖြစ်ပါတယ်ခင်ဗျာ။

အလိမ်ခံရတဲ့သူတွေထဲက ဆယ်ယောက်မှာ တစ်ယောက်ကျော်ကျော် (၁၂ ရာခိုင်နှုန်း) က သူတို့ ကြုံရတဲ့ လိမ်လည်မှုမှာ AI ဒါမှမဟုတ် Deepfake (ရုပ်သံ/အသံအတု) တွေ ပါဝင်ပတ်သက်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ စစ်တမ်းပြုစုသူတွေကတော့  AI နဲ့ ဖန်တီးထားတဲ့အရာတွေကို ခွဲခြားဖို့ ခက်ခဲတာကြောင့် တကယ်တမ်း ခံရတဲ့ ပမာဏက ဒီထက်မက ပိုများနိုင်တယ်လို့ ထောက်ပြထားပါတယ်။

ယေဘုယျအားဖြင့် အသုံးအများဆုံး လိမ်လည်နည်းတွေကတော့ ငွေကြေးအချက်အလက်တွေကို ခိုးယူတဲ့ ဝဘ်ဆိုက်အတုတွေလုပ်တာ (၄၀ ရာခိုင်နှုန်း)၊ ကြိုတင်ကြေးတောင်းတဲ့ စနစ်တွေ (၂၄ ရာခိုင်နှုန်း) နဲ့ ရင်းနှီးမြှုပ်နှံမှု အတုအယောင်တွေ (၁၉ ရာခိုင်နှုန်း) တို့ ဖြစ်ပါတယ်။ လိမ်လည်သူတွေဟာ သားကောင်ဖြစ်မယ့်သူတွေရဲ့ ယုံကြည်မှုကို ရဖို့အတွက် နည်းပညာပံ့ပိုးကူညီရေး ဝန်ထမ်း (၁၉ ရာခိုင်နှုန်း)၊ ဘဏ်ဝန်ထမ်း (၁၅ ရာခိုင်နှုန်း) ဒါမှမဟုတ် အစိုးရအရာရှိ (၁၄ ရာခိုင်နှုန်း) အဖြစ် အသွင်ယူပြီး အများဆုံး လိမ်လည်လေ့ရှိကြပါတယ်။

အခုနောက်ပိုင်းနှစ်တွေမှာ AI ကိုသုံးပြီး လိမ်လည်တာတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိလာနေပါတယ်။ အဲ့ဒီထဲမှာ မိသားစုဝင် ဒါမှမဟုတ် ကုမ္ပဏီအရာရှိတွေ ဒုက္ခရောက်နေသယောင် အသံကို တုပပြီး လိမ်တဲ့ စနစ်တွေ၊ AI နဲ့ ဖန်တီးထားတဲ့ လူပုဂ္ဂိုလ်နဲ့ ဓာတ်ပုံတွေကို သုံးပြီး အွန်လိုင်းကနေ အချစ်ဇာတ်လမ်းဆင် ငွေညှစ်တဲ့လိမ်လည်မှု တွေနဲ့ ကုမ္ပဏီတွေကို ငွေကြေးလိမ်လည်ဖို့အတွက် အချိန်နဲ့တပြေးညီ ဗီဒီယိုအတု လုပ်ပြီး လိမ်တဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)