ရန်ကုန်၊ ဇွန် ၃၀
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12)တွင် (၆)ဘာသာဂုဏ်ထူးဖြင့် အ.ထ.က(၄) လှိုင်သာယာမှ အောင်မြင်ခဲ့သည့် မအေးချမ်းပြည့် အား (၃၀.၆.၂၀၂၆) ရက်နေ့ ၊ မွန်းလွဲ (၁၅း၀၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ၅ ရပ်ကွက်ရှိ “အာယုပါလ” ဓမ္မာရုံ၌လည်းကောင်း၊ မွန်းလွဲ(၁၆း၃၀) နာရီအချိန်တွင်မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ (ဝိပ္ပံဘာသာတွဲ)တွင် ပထမရရှိခဲ့သည့် အ.ထ.က(၁၄)လှိုင်သာယာမှ ကျောင်းသူ မနီနီကျော်အား ကျောင်းအုပ်ကြီးရုံးခန်း၌ လည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဂုဏ်ပြုပွဲများသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့်အတူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးကြည်စိုး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးရာလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှတာဝန်ရှိသူများ၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
#MNP #News










No comments:
Post a Comment