အိန္ဒိယနိုင်ငံ၊ Andaman နှင့် Nicobar ၊ Prothrapur ရှိ Open Distress Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်းစိစစ်ပြီးသူ မြန်မာရေလုပ်သား (၂၆) ဦးအား အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယနိုင်ငံ၊ Andaman နှင့် Nicobar ၊ Prothrapur ရှိ Open Distress Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်းစိစစ်ပြီးသူ မြန်မာရေလုပ်သား (၂၆) ဦးအား အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်




နယူးဒေလီ၊ ဇူလိုင် ၂၃

အိန္ဒိယနိုင်ငံ၊ Andaman နှင့် Nicobar ၊ Prothrapur ရှိ Open Distress Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်းစိစစ်ပြီးသူ မြန်မာရေလုပ်သား(၂၆) ဦးသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၁:၅၅ နာရီတွင် အိန္ဒိယနိုင်ငံ၊ Andaman နှင့် Nicobar ရှိ ပို့ဘလဲမြို့၊ Veer Savarkar အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Netaji Subash Chandra Bose လေဆိပ်သို့ ထွက်ခွာခဲ့ပြီးနောက် ညနေ ၁၉:၂၀ နာရီတွင် Netaji Subash Chandra Bose လေဆိပ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် ဆက်လက်ထွက်ခွာသွားခဲ့သည်။

ထိုသို့ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံးသည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန (Ministry of External Affairs - MEA)၊ Andaman & Nicobar Islands ရှိ နိုင်ငံခြားသားများ ဒေသဆိုင်ရာမှတ်ပုံတင်ရေးရုံး (Foreign Regional Regulation Office - FRRO) တို့နှင့်လည်းကောင်း၊ ကော်လ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့်လည်းကောင်း အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မြန်မာရေလုပ်သားများအား နေရပ်သို့ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် လိုအပ်သော ခွင့်ပြုမိန့်များတောင်းခံခြင်း၊ ရေလုပ်သား (၂၆) ဦး ခရီးသွားလာရာတွင် လိုအပ်သည့် တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်များ (C of I) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)