နယူးဒေလီ၊ ဇူလိုင် ၁၁
ASEAN New Delhi Committee (ANDC) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ မှ ဇွန်လ အထိ တာဝန်ယူဆောင်ရွက်လျက်ရှိသော မြန်မာသံရုံး၊ နယူးဒေလီမြို့မှ (၁၂၉) ကြိမ်မြောက် ASEAN New Delhi Committee (ANDC) အစည်းအဝေးနှင့် ASEAN Ladies Circle (ALC) အမှုဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၆) တို့ကို နယူးဒေလီမြို့ရှိ Le Meridien New Delhi Hotel တွင် ၁၀-၇-၂၀၂၆ ရက် နံနက်ပိုင်း၌ အသီးသီး ကျင်းပခဲ့သည်။
ASEAN New Delhi Committee (ANDC) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုယ်စား သံရုံးယာယီတာဝန်ခံ သံမှူးကြီး ဒေါ်သင်းပျံ့သီတာကျော်က (၁၂၉) ကြိမ်မြောက် ASEAN New Delhi Committee (ANDC) အစည်းအဝေးကို ဦးဆောင်၍ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ANDC Working Group အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ANDC ကော်မတီမှ ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများ၊ အစည်းအဝေးများ၊ ခရီးစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အာဆီယံ သံအမတ်ကြီးများက ANDC ကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် အာဆီယံ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ (၆) လတာအတွက် ANDC ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Josel Francisco Ignacio ထံသို့ မြန်မာသံရုံးယာယီတာဝန်ခံ သံမှူးကြီး ဒေါ်သင်းပျံ့သီတာကျော်မှ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ASEAN Ladies Circle (ALC) အစည်းအဝေးကို မြန်မာသံရုံး၊ နယူးဒေလီမြို့၏ သံရုံးယာယီ တာဝန်ခံ သံမှူးကြီး ဒေါ်သင်းပျံ့သီတာကျော်က ဦးဆောင်၍ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ အာဆီယံသံရုံးများမှ အမျိုးသမီးသံအမတ်ကြီးများနှင့် ALC အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် အာဆီယံအမျိုးသမီးများ၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု နှင့် ALC ကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ (၆) လတာအတွက် ALC ကော်မတီ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ဖိလစ်ပိုင်သံရုံး ကိုယ်စားလှယ် Ms. Annalyn Vallena ထံသို့ မြန်မာသံရုံး ယာယီတာဝန်ခံ သံမှူးကြီး ဒေါ်သင်းပျံ့သီတာကျော်မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
#MNP #News




No comments:
Post a Comment