နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ငလျင်ဘေး အန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် သဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ငလျင်ဘေး အန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် သဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား တက်ရောက်







နေပြည်တော်၊ ဇူလိုင် ၇

‌နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ နေပြည်တော်အတွင်း ငလျင်ဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် အသိပညာ‌ပေး ဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားကို ယမန်နေ့က ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမင်းဦးနှင့် ဦးထွန်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်‌ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များ၏ဆောင်ရန်၊ ရှောင်ရန်များကိုလေ့လာကြပြီး မိမိ၏ပတ်ဝန်းကျင်တွင် ပြန်လည်ပြီး အသိပညာများဖြန့်ဝေပေးကြရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်သည် တားဆီး၍ မရနိုင်သော်လည်း ထိခိုက်ဆုံးရှုံးမှုနည်းအောင် ကြိုတင်ပြင်ဆင်ခြင်းအပိုင်းတွင် ဇာတ်တိုက် လေ့ကျင့်ခြင်းဖြင့် ဘေးအန္တရာယ်များ၏ ထိခိုက်မှုကိုလျော့သွားအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားမှရရှိလာသည့် အသိပညာ၊ အတတ်ပညာများကို မိမိ၏လုပ်ငန်းခွင်၊ ရပ်ရွာနှင့် အသိုင်းအဝိုင်းများတွင် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များက ဇာတ်တိုက်လေ့ကျင့်ခန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအား အမှတ်တရ လက်ဆောင်များ အသီးသီးပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက  ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုအဖြစ် ငလျင် လှုပ်ခတ်ခြင်း၊ အကြောင်းအချက်ပေးခြင်းနှင့်အတူ ကျောင်းသား ကျောင်းသူများက ဝပ်၊ ကာ၊ ကိုင် ပုံစံဖြင့်နေရာယူခြင်း၊ ငလျင်လှုပ်ခတ်မှုငြိမ်သက်ပါက အဆောက်အအုံနှင့် လွတ်ကင်းရာကွင်းပြင်နေရာများတွင် နေရာယူခြင်းတို့ကို သရုပ်ပြသကြပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာ ပြုစုခြင်း သရုပ်ပြသခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက ဆေးဝါးကုသမှုသရုပ်ပြသခြင်းနှင့် ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းအဖွဲ့က ယာဉ်၊ ယန္တရားများဖြင့် ဘေးကင်းလုံခြုံသည့်နေရာများသို့ ပို့ဆောင်ပေးခြင်း စသည့်သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)