မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် စတင် အသက်ဝင် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် စတင် အသက်ဝင်



အော်တာဝါမြို့၊ မြန်မာသံရုံးက  ၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ရက်စွဲဖြင့် မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့တွင် စတင်သက်ဝင်ပြီဖြစ်ကြောင်း အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံအစိုးရတို့အကြား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် ပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ တရားဝင် စတင်အသက်ဝင်မည် ဖြစ်ပါကြောင်း၊ အဆိုပါသဘောတူညီချက်အရ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံမှ သက်တမ်းရှိ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသော နိုင်ငံသားများသည် တစ်ဖက်စာချုပ်ဝင်နိုင်ငံနယ်မြေအတွင်း အိမ်ရှင်နိုင်ငံ၏ တည်ဆဲဥပဒေများနှင့် ကိုက်ညီပါက ရက်ပေါင်း (၃၀) ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့် ရရှိမည်ဖြစ်ပြီး၊ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း တစ်ဖက်စာချုပ်ဝင်နိုင်ငံ ပိုင်နက်နယ်မြေတွင် ရက်ပေါင်း (၉၀) နေထိုင်ခွင့် ရရှိမည်ဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)