ပို့ကုန်များအရေအတွက်များများ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပို့ကုန်များအရေအတွက်များများ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား



နေပြည်တော်၊ ဇူလိုင် ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပို့ကုန်များအရေအတွက်များများ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရ၏တာဝန်ဖြစ်ပြီး မဖြစ်မနေကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုလည်းလိုအပ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ နိုင်ငံတော်တာဝန်ယူ ဆောင်ရွက်သည်မှာ သုံးလတာကာလအတွင်းသို့ ရောက်ရှိလာပြီးဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ဖွဲ့စည်းထားသည့် ကော်မတီများ၊ ကော်မရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများတိုးတက်မှုအခြေအနေများကို လစဉ်ဆန်းစစ်သုံးသပ်ဆောင်ရွက်နေရန်လိုကြောင်း။

နိုင်ငံဖွံ့ဖြိုးရေးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်အရေးကြီးပြီး မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာလည်း ရောင်းလိုအားနှင့် ဝယ်လိုအားများမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းများကြောင့်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်ရခြင်းသည်လည်း ငွေကြေးတန်ဖိုး ပြောင်းလဲမှုများကြောင့်ဖြစ်သည့် အကျိုးဆက်များကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားစေရေးအတွက် ဆောင်ရွက်ရန်မဖြစ်မနေလိုအပ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ တိုးတက်များပြားလာမှသာ ပို့ကုန်ပစ္စည်းများရရှိပြီး ထိုမှတစ်ဆင့်ရရှိသည့် နိုင်ငံခြားငွေများဖြင့် သွင်းကုန်များကို တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ဝင်ငွေနှင့် ထွက်ငွေများမျှတနေမှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများ မြင့်မားလာစေရေး ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း။

ပို့ကုန်များအရေအတွက်များများ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း စိုက်ပျိုးရေးပို့ကုန်များ ပြည်ပသို့တင်ပို့နိုင်မှု လျော့နည်းခဲ့ကြောင်း၊ အဓိက သီးနှံဖြစ်သည့် ဆန်တင်ပို့မှုလျော့နည်းခဲ့သကဲ့သို့ အခြားစိုက်ပျိုးသီးနှံအချို့ တင်ပို့နိုင်မှုလျော့နည်းခဲ့ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးပို့ကုန်များ အရေအတွက်များများထုတ်လုပ်တင်ပို့နိုင်ရေး ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများတွင် ပိုမိုပါဝင်ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားကြရန်နှင့် မိမိတို့နိုင်ငံ၏အဓိကပို့ကုန်သီးနှံဖြစ်သည့် ဆန်တင်ပို့မှုကို ပိုမိုထုတ်လုပ်တင်ပို့နိုင်ရန်လိုကြောင်း မှာကြားသည်။

အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)