အိန္ဒိယသင်္ဘောသားတွေကို ဟော်မုဇ်ရေလက်ကြားကို မလွှတ်ဖို့ ကုမ္ပဏီတွေကို အစိုးရ တားပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယသင်္ဘောသားတွေကို ဟော်မုဇ်ရေလက်ကြားကို မလွှတ်ဖို့ ကုမ္ပဏီတွေကို အစိုးရ တားပြီ


ဇူလိုင် - ၁၇ ( သောကြာနေ့ ) 

သင်္ဘောအများအပြား တိုက်ခိုက်ခံခဲ့ရတဲ့ ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းမယ့် ကုန်တင်သင်္ဘောတွေပေါ်မှာ အိန္ဒိယသင်္ဘောသားတွေကို တာဝန်ပေး စေလွှတ်တာမျိုး မလုပ်ကြဖို့ နယူးဒေလီ (အိန္ဒိယအစိုးရ) က သင်္ဘောကုမ္ပဏီတွေနဲ့ ကုန်တင်သင်္ဘော လုပ်ငန်းရှင်တွေကို တောင်းဆိုလိုက်ပါတယ်။

အခုလို သတိပေးချက် ထုတ်ပြန်ရတာကတော့ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ အဲဒီရေလမ်းကြောင်းမှာ သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရပြီး အိန္ဒိယသင်္ဘောသား နှစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ ပေါ်ထွက်လာတာပါ။ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံသား တစ်ဒါဇင်နီးပါး သေဆုံးခဲ့ရပြီး တိုက်ခိုက်ခံရတဲ့ သင်္ဘောတွေနဲ့ ဆီတင်သင်္ဘောတွေပေါ်ကနေ ရေလုပ်သား တော်တော်များများကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန (DGMA) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး "နောက်ထပ် ညွှန်ကြားချက်တစ်စုံတစ်ရာ မရရှိမချင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာမယ့် သင်္ဘောတွေပေါ်မှာ အိန္ဒိယသင်္ဘောသားတွေကို တာဝန်ပေး စေလွှတ်တာမျိုး မလုပ်ကြဖို့ သင်္ဘောပိုင်ရှင်တွေ၊ သင်္ဘောမန်နေဂျာတွေနဲ့ (အလုပ်သမား ရှာဖွေခန့်အပ်ရေး) ကုမ္ပဏီတွေကို ညွှန်ကြားထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် DGMA က သင်္ဘောလုပ်ငန်းရှင်တွေအနေနဲ့ "ပါရှန်းပင်လယ်ကွေ့၊ ဟော်မုဇ်ရေလက်ကြားနဲ့ အနီးနားတစ်ဝိုက်က ရေပြင်တွေမှာ လုံခြုံရေးကို အထူးဂရုပြု စောင့်ကြည့်သွားကြဖို့" တောင်းဆိုထားပြီး "အစိုးရအနေနဲ့လည်း တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ လုံခြုံရေးအခြေအနေတွေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေသလို အိန္ဒိယသင်္ဘောသားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ သာယာဝပြောရေးကို ကာကွယ်စောင့်ရှောက်ဖို့ အပြည့်အဝ ကတိပြုထားပါတယ်" လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)