ဇူလိုင် - ၁၇ ( သောကြာနေ့ )
ထိုင်းအစိုးရက ဆေးခြောက်အပွင့်ကို "ထိန်းချုပ်ဆေးဘက်ဝင်အပင်" အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် ဆေးခြောက်အပွင့်ကို သုတေသနလုပ်မယ့်သူ၊ ပြည်ပတင်ပို့မယ့်သူ၊ ရောင်းချမယ့်သူ ဒါမှမဟုတ် စီးပွားဖြစ် ပြုပြင်ထုတ်လုပ်မယ့်သူတွေအနေနဲ့ လိုင်စင် မဖြစ်မနေ လျှောက်ရတော့မှာ ဖြစ်ပါတယ်။
အများပြည်သူကို ဆေးခြောက်အပွင့် ရောင်းချတဲ့နေရာမှာလည်း ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူ စတဲ့ တရားဝင် အရည်အချင်းပြည့်မီတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီက ဆေးစာရှိတဲ့သူတွေကိုပဲ ကန့်သတ်ပြီး ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။
စည်းမျဉ်းအသစ်တွေအရ ဆိုင်ခန်း ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းခွင်တွေထဲမှာ ဆေးခြောက်အပွင့်ကို ဆေးလိပ်လို သောက်ဖို့အတွက် ရောင်းချတာမျိုး မလုပ်ရပါဘူး။ ဒါ့အပြင် အလိုအလျောက်အရောင်းစက်တွေ၊ အွန်လိုင်း စျေးဝယ်စနစ်တွေနဲ့ ကွန်ပျူတာကွန်ရက်တွေကတစ်ဆင့် ရောင်းချတာတွေကိုလည်း လုံးဝ ပိတ်ပင်ထားပါတယ်။
တရားမဝင် ရောင်းချတာ ဒါမှမဟုတ် ပြည်ပကို တင်ပို့တာမျိုးလုပ်ရင် ထောင်ဒဏ် ၁ နှစ်အထိ ကျခံရနိုင်ပြီး ဒဏ်ငွေလည်း ဆောင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ဆေးခြောက်ကို ပြည်ပကို တရားမဝင် ခိုးထုတ် (မှောင်ခိုကူး) မယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ပြင်းပြင်းထန်ထန် ချမှတ်ခံရနိုင်ပါတယ်။
REF: The Nation
#MNP #News


No comments:
Post a Comment