ဆီဆိုင်မြို့နယ်မှ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ခြောက်ရွာအတွက် အိမ်သုံးဆိုလာ ၇၁၅ စုံ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီဆိုင်မြို့နယ်မှ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ခြောက်ရွာအတွက် အိမ်သုံးဆိုလာ ၇၁၅ စုံ ထောက်ပံ့ပေးအပ်


နေပြည်တော်၊ ဇူလိုင် ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့နယ် နားသံကျေးရွာအုပ်စုနှင့် နားခိုက်ကျေးရွာအုပ်စုတို့မှ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ခြောက်ရွာအတွက် အိမ်သုံးဆိုလာ ၇၁၅ စုံကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်ရှိသည့် အိမ်သုံးဆိုလာမီးများ တပ်ဆင်ပေးရခြင်းသည် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ပညာရေး၊ ကျန်းမားရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လုပ်ငန်းဆောင်ရွက်နေမှု၊ လင်းခေးမြို့ တောင်ရွာရပ်ကွက်၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေမှု၊ ဒါးဆိပ်-နောင်လုံ-ဝမ်စစ်-ဟိုက်ကွေ့ လမ်းမကြီး၌ ပေ ၂၀ ကွန်ကရစ်တံတား တည်ဆောက်နေမှုနှင့် လင်းခေးခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့အတူ ဇူလိုင် ၁၄ ရက်ကလည်း ပင်လောင်းမြို့နယ် ပက္ကော်- ထီးရွေး-ထီးရယ် မြေသားလမ်း ၃ မိုင် ၃ ဖာလုံအား အမာခံဖြုန်းလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)