ရန်ကုန်၊ ဇူလိုင် ၁၁
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ ဆရာစံလမ်း အဆောင်နေ မောင်ဇင်ကိုကိုထက် (၂၅)နှစ်သည် (၁၀.၇.၂၀၂၆)ရက်နေ့၊ ည(၈:၂၅)နာရီအချိန်ခန့်တွင် ၎င်းနေထိုင်သောအဆောင်အခန်းအတွင်း ကြိုးဆွဲချ သေဆုံးရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သတင်းအရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ပြီး လူမှု့အလင်း လူမှုကူညီရေးအသင်း အရေးပေါ်ယာဉ်ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံအား ပို့ဆောင်ပေးခဲ့ရာ ဆေးရုံ၌ သေဆုံးကြောင်း သိရှိရပြီး သောင်ကြီးနယ်မြေရဲစခန်းမှ သေမှုသေခင်းအရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MNP #News



No comments:
Post a Comment