ရေရှည်တည်တံ့သော စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးမည့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် -၂၀၂၆ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေရှည်တည်တံ့သော စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးမည့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် -၂၀၂၆ ကျင်းပ


ပုသိမ်၊ ဇူလိုင် ၁၁

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်ကြီးကြပ်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်-၂၀၂၆ (Ayeyarwady Investment Forum-2026)ကို ယမန်နေ့က ပုသိမ်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသ၏ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများ၊ ဦးစားပေးကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် ရင်းနှီးမြှုပ်နှံသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပုသိမ်စက်မှုစီမံကိန်း (Pathein Industrial Project) အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)