ဥရောပနိုင်ငံတွေက ရွှေ့ပြောင်းတွေကြောင့် ဒုက္ခရောက်နေပြီလို့ ထရမ့်က ဝေဖန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥရောပနိုင်ငံတွေက ရွှေ့ပြောင်းတွေကြောင့် ဒုက္ခရောက်နေပြီလို့ ထရမ့်က ဝေဖန်


ဇူလိုင် -၆ ( တနင်္လာနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပနိုင်ငံတွေရဲ့ လွဲမှားတဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကြောင့် အခုဆိုရင် ဥရောပတိုက်ဟာ တတိယကမ္ဘာနိုင်ငံတွေရဲ့ အဆင့်အတန်းအထိ ကျဆင်းသွားပြီလို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက် စနေနေ့က အမေရိကန်ရဲ့ လွတ်လပ်ရေးကြေညာစာတမ်း သက်တမ်း ၂၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပနေတဲ့ကြားကနေပဲ သမ္မတ ထရမ့်ဟာ ဝါရှင်တန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဥရောပသမဂ္ဂ (အီးယူ) နဲ့ ဗြိတိန်နိုင်ငံတို့ကို အခုလိုမျိုး တစ်ကျော့ပြန် ခပ်စပ်စပ် ဝေဖန်လိုက်တာပါ။

သူ့ရဲ့ အိတ်စ်လူမှုကွန်ရက်စာမျက်နှာမှာ ထရမ့်က "တတိယကမ္ဘာက ရာဇဝတ်ကောင်တွေကို လက်ခံလိုက်တဲ့အခါ ကိုယ်တိုင်လည်း တတိယကမ္ဘာနိုင်ငံ ဖြစ်သွားရတယ်ဆိုတာကို အခု ဥရောပတခွင် သင်ခန်းစာရနေပါပြီ။ ဒါဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် အလွန်မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားတာပါ" လို့ ရေးတင်ခဲ့ပါတယ်။ 

ဒါ့အပြင် သူသာ အချိန်မီ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရခြင်း မရှိရင် အမေရိကန်လည်း ဒီလိုအခြေအနေမျိုး ကြုံရနိုင်တယ်လို့ ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့ပါသေးတယ်။ သမ္မတ ထရမ့်က သူဟာ လူဝင်မှုကြီးကြပ်ရေးအပေါ် ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့တာကြောင့် အမေရိကန်အနေနဲ့ ဥရောပလို အခြေအနေမျိုး မကြုံရဘဲ ဘေးကင်းခဲ့တာလို့ ဆိုပါတယ်။ 

တကယ်တော့ ဥရောပသမဂ္ဂ (အီးယူ) အတွင်းကို ခိုလှုံခွင့်တောင်းခံသူ ဝင်ရောက်မှုနှုန်းဟာ ၂၀၁၅ ခုနှစ်ကထက်စာရင် ပြန်လည်လျော့ကျသွားတယ်ဆိုပေမယ့်လည်း၊ ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် RFBerlin ရဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာမှုဗဟိုဌာနရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်အတွင်း ဥရောပသမဂ္ဂမှာ လာရောက်အခြေချတဲ့ နိုင်ငံခြားဖွား လူဦးရေဟာ စံချိန်တင် ၆၄ ဒသမ ၂ သန်းအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၁၀ ပြည့်နှစ်ကထက်စာရင် လူဦးရေ ၂၀ ဒသမ ၂ သန်းအထိ တိုးပွားလာတာလို့လည်း သိရပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)