ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မဟာဗောဓိဘုရား၌ နံရံဆေးရေးပန်းချီအထောက်အထားအသစ် ဖော်ထုတ်တွေ့ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မဟာဗောဓိဘုရား၌ နံရံဆေးရေးပန်းချီအထောက်အထားအသစ် ဖော်ထုတ်တွေ့ရှိ




ပုဂံ၊ ဇူလိုင် ၅

အိန္ဒိယနိုင်ငံမှ Archaeological Survey of India (ASI) အဖွဲ့သည် ပုဂံဒေသရှိ ရှေးဟောင်းအဆောက် အအုံအမှတ် (၁၆၇၀) မဟာဗောဓိဘုရားအား အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အင်္ဂတေပန်းလက်ရာများ ချေးချွတ်သန့်စင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နံရံပန်းချီ ရှိ၊ မရှိ စမ်းသပ်ကွက်တွင် နံရံဆေးရေးပန်းချီတွေ့ရှိခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မဟာဗောဓိဘုရားအပေါ်ထပ် ဂန္ဓကုဋိတိုက်အတွင်းပိုင်း ထုံးသားလွှာအောက်တွင် နံရံပန်းချီ ရှိ၊ မရှိ နမူနာ အကွက်ငယ် ၁၃ ကွက်အား စမ်းသပ်ခဲ့ရာ အရှေ့ဘက်နံရံတွင် ထင်ရှားသော နံရံပန်းချီ တစ်ကွက်၊ တောင်ဘက်နှင့် မြောက်ဘက်တွင် ဆေးသားမှိန်သည့် နံရံပန်းချီတစ်ကွက်စီဖြင့် စုစုပေါင်း သုံးကွက်တွင် နံရံပန်းချီဆေးသားလွှာများကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။

ပုဂံဒေသတွင် ရှေးဟောင်းအဆောက်အအုံပေါင်း ၃၈၃၇ ဆူရှိသည့်အနက် နံရံဆေးရေးပန်းချီရှိသည့် ရှေးဟောင်းအဆောက်အအုံ အရေအတွက်မှာ ယခင်က ၄၁၆ ဆူရှိသည်ဟု မှတ်တမ်းတင်ခဲ့သော်လည်း ယခုအခါ ၁၃ ရာစု ခေတ်လက်ရာ မဟာဗောဓိဘုရားတွင် နံရံပန်းချီရှိကြောင်း ထပ်မံဖော်ထုတ်တွေ့ရှိခဲ့သဖြင့် နံရံပန်းချီရှိဘုရားတစ်ဆူ ထပ်မံပေါ်ပေါက်လာသည့် အခြေအနေဖြစ်ပြီး မဟာဗောဓိဘုရားအား နိုင်ငံဖြတ်ကျော်ပူးတွဲအဆိုပြု ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် ၎င်းဘုရားရှိနံရံပန်းချီများ ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဒီပါလင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)