အကြမ်းဖက်သမား ဖိုးသော် အသက်ကို ဘယ်သူကယ်ခဲ့သလဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်သမား ဖိုးသော် အသက်ကို ဘယ်သူကယ်ခဲ့သလဲ











လက်သုံးချောင်ထောင် အကြမ်းဖက်သမား ဖိုးသော် အများပြည်သူအတိဒုက္ခရောက်အောင် လုပ်ဖို့ ကြံစည်ရင်း ပေါက်ကွဲမှုဖြစ်လို့ သေမလိုဖြစ်ခဲ့ရပြီး တပ်မတော် ကုတင်(၁၀၀၀) ဆေးရုံးမှာ ကုသပေးခဲ့ရတာကို မှတ်မိကြလိမ့်မယ်ထင်ပါတယ်။

အခု ဖိုးသော် လွတ်ရက်နီးပြီး နောက်မှုကပ်တော့ ပြည်ဖျက်မီဒီယာတွေ အာသီးယောင်နေကြတာကို တွေ့ရပါတယ်။ ဖိုးသော် သေလုမျောပါးဖြစ်နေစဉ်ကတော့ NUG, CRPH က ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေ ဆေးဖိုး ဘယ်လောက်ထောက်ပံ့သလဲ။ ပြည်ဖျက်မီဒီယာတွေဖြစ်တဲ့ ခွေးသစ်၊ မျောက်မအစိ၊ ဧရာဝတီ ကြောင်သော် တို့ ဘာတွေ ကူညီထောက်ပံ့ခဲ့ကြလဲ။

သူကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ ထိုက်တန်တဲ့ အရေးယူမှုကို ခံယူပါစေ။ နိုင်ငံတော်အကြီးအကဲ က မေတ္တာထားလို့ လွတ်ငြိမ်းလည်း ပါရင် ပါသွားနိုင်ပါတယ်။ လက်သုံးချောင်းထောင် အကြမ်းဖက်လှုံ့ဆော် အနုပညာရှင်တွေ ဖြစ်တဲ့ လူမင်း၊ ဝိုင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင် တို့လို ပြည်ဖျက်မိစ္ဆာတွေကိုတောင် မေတ္တာရှေ့ထားပြီး နိုင်ငံတော်တည်ဆောက်ရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လွှတ်ပေးခဲ့သေးတာပဲ။ သို့သော် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်လှုံ့ဆော်သူတွေက နိုင်ငံတော်တည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ခြင်း မရှိပါဘူး။ မပါဝင်လို့လည်း အစိုးရက ထပ်ပြီး အရေးမယူပါဘူး။ သူ့ဒေါသနဲ့သူ နေပါစေပေါ့။

ဖိုးသော်နဲ့ ပတ်သက်လို့ အာသီးယောင်လာလို့ ၂၀၂၁ ခုနှစ် မေလ (၆) ရက်နေ့က သတင်းလေးတစ်ပုဒ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သတင်းခေါင်းစဉ် က "အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်းများအား ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား" ဆိုတဲ့ သတင်းနဲ့အတူ သေမလို ဖြစ်နေတဲ့ ဖိုးသော်ကို တပ်မတော်က ဆေးဝါးကုသမှု ဆောင်ရွက်ပေးခဲ့တဲ့ အခြေအနေကိုပါ သိရှိနားလည်စေချင်လို့ပါ။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်(၂)ရပ်ကွက်၊ နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ Team PT အားကစားခန်းမအတွင်း၌ မေ ၅ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်း များအား ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အမှတ်(၄၆)၊ ဥဿဖရားလမ်း၊ ကျိုက္ကဆံရပ်ကွက်၊ ဗဟန်းမြို့နယ်နေသူဖြစ်သည့် သော်ထူးနိုင်(ခ)ဖိုးသော်(ဘ)ဦးအောင်စိုးသည် ၎င်း ပိုင်ဆိုင်သည့် ဗိုလ်ချုပ်လမ်းရှိ Team PT အားကစားခန်းမ၌ အကြမ်းဖက်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်း စမ်းသပ်လုပ်ဆောင်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်အနှံ့အပြားတွင် လက်လုပ်မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ည ၁၁ နာရီခွဲခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီပြည်သူ့ဆေးရုံ သို့ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးမှုများ ဆောင်ရွက်စဉ် ဒဏ်ရာရရှိသူအား ဆေးရုံသို့ လိုက်ပါ ပို့ဆောင်သော Honda STEP WGN အမျိုးအစား MDY 1l/------ မော်တော် ယာဉ်အတွင်းမှ အလျား ၆ လက်မခန့်၊ အချင်း ၁ လက်မခွဲခန့်ရှိ  PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိရသဖြင့် လိုက်ပါပို့ဆောင်သူ မြတ်ထူးနိုင်(ခ)ကောင်းစည်သူ(ဘ)ဦးအောင်နိုင်၊ ဟန်ထူးနိုင်(ဘ)ဦးအောင်နိုင် နှင့် မေရတနာလှိုင်(ဘ)ဦးဝင်းလှိုင် တို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ 

ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါ Team PT အားကစားခန်းမ အတွင်း ဆက်လက်ရှာဖွေခဲ့ရာ  CZ 75 Compact ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၁ တောင့်၊ ဒီတိုနေတာ ၅၃ ချောင်း၊ ဓာတ်ငွေ့ကာ နှာခေါင်းစွပ် ၇ ခု၊ ဓာတ်ငွေ့ကာ မျက်မှန် ၁၀ ခု၊ PVC ပိုက်(အချင်း ၁ လက်မ၊ အလျား ၈ လက်မခန့်ရှိ) ၂၇ ခု၊ ကော်ဘူး ၉ ဘူး၊ ယမ်းထုတ်ယူထားသော မီးရှူးမီးပန်းအပိုင်း အစများ ၂ အိတ်၊ ဗျောက်အလုံး(၁၀၀ ပါ) ၁၅၀ ထုပ်၊ ဝါးညှပ်ခလုတ်(ဓာတ်ခဲပါ) ၇ ခု၊ အမိုနီယမ်နိုက်ထရိတ် ၅၀ ကျပ်သား၊ ကန့် ၅၀ ကျပ်သား၊ ယမ်းကြိုးအပိုင်းအစ ၁ ထုပ်၊ ယမ်းညှင်းမှုန့် ၂ ဘူး၊ ယမ်းချိန်ခွက် ၂ ခွက်၊ ယမ်းနှင့်သံဘောစေ့များ ရော၍ ထည့်ထားသော စက္ကူဖာ(အသေး) ၁ ဖာ၊ We Don’t Accept စာတမ်းပါကတ်ထူး ပြား ၁၅ ခု၊ တူ ၃ လက်၊ ရဲဒင်းအသေး ၁ လက်၊ ဘဏ်စာအုပ် ၉ အုပ်၊ ATM ကတ် ၁၁ ကတ်၊ နိုင်ငံကူးစာအုပ် ၉ အုပ် တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာထားသော NUG အဖွဲ့အနေဖြင့်  နိုင်ငံ တစ်ဝန်း ဆူပူအကြမ်းဖက်မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ တိုက်တွန်းခြင်းများ ဆောင်ရွက်လျက်ရှိသည့် အပြင် ထင်ပေါ်ကျော်ကြားသူအချို့သည်လည်း ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို အသုံးချ၍ ပြည်သူလူထုအား အကြောက်တရားများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်ပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ဆောင်မှုများကို ပြုလုပ်ခြင်း၊ ပြုလုပ်ရန် ဆောင်ရွက်ခြင်းများ ရှိသည့်အတွက် အပြစ်မဲ့ပြည်သူအချို့ ထိခိုက် ဒဏ်ရာရ သေဆုံးခြင်း၊ နေ့စဉ်လူမှုစီးပွားဘဝများ ထိခိုက်ရခြင်းများ ရှိသဖြင့် ပြည်သူထူထုအနေဖြင့် ၎င်းအကြမ်းဖက်သမားများနှင့် အကြမ်းဖက်လုပ်ရပ်များ အပေါ် ဆန့်ကျင်လျက်ရှိသည်။

အဆိုပါ အကြမ်းဖက်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုသည့်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

အကြမ်းဖက်သမား သော်ထူးနိုင် (ခ) ဖိုးသော်ကို ရဲ့ နောက်မှုက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) လို့ ပြည်ဖျက်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဲဒီ အမှု  ပြစ်မှု - ပြစ်ဒဏ် ဘယ်လောက်အထိ ရှိတယ်ဆိုတာကိုပါ တပါတည်း ဖော်ပြရေးသားထားတာကို တွေ့ရပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) သည် အကြမ်းဖက်လုပ်ငန်းများတွင် အသုံးပြုမည့် သို့မဟုတ် အသုံးပြုပြီးသော လက်နက်ခဲယမ်းများ၊ ပစ္စည်းကိရိယာများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် ဖွက်ထားခြင်းနှင့် သက်ဆိုင်သည့် ပြစ်မှုဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်ပါတယ်လို့ ပြည်ဖျက်မီဒီယာတွေက တရားသူကြီး အမိန့်မချမီကတည်းက ကြိုတင်အမိန့်ချထားနှင့်ပြီ ဖြစ်ပါတယ်။ သူလုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ သူခံရတဲ့ ပြစ်ဒဏ် မပြင်းထန်လှပါဘူး။ အပြစ်မဲ့ ပြည်သူပေါင်းများစွာကို သေကြောင်းကြံဖို့ လုပ်ခဲ့တယ်မဟုတ်လား။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားတဲ့ ကောင်တွေနဲ့ ပြည်ဖျက်မီဒီယာတွေကို ကြည့်ပြီး တရားရမိပါတယ်။ ဖိုးသော် နောက်မှုကပ်တော့ ပြည်ဖျက်မီဒီယာတွေ အာသီယောင်ကြတယ်။ အဲဒီကောင် အကြမ်းဖက်သမား သေလုမျောပါးဖြစ်နေတဲ့ ကာလတလျှောက် တပ်မတော်က ဆေးဝါးကုသမှုပေးခဲ့တဲ့ အခြေအနေကို ပြန်လည်စဉ်းစားပြီး ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူး။ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့အတွက် သေပွဲဝင်မယ့် ငမိုက်သားတွေကို လူ့ပြည်လူ့ရွာကို ပြန်ခေါ်ထားပေးတာ။ ပြည်ပြေး ဝရမ်းပြေးတွေက ကိုယ်ထိလက်ရောက် ကူညီထောက်ပံ့ဖို့ ဝေးစွ။ အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ပြီး တတိယနိုင်ငံအရောက် ပြေးကြတယ်။ ငမိုက်သား အစွန်းရောက် အကြမ်းဖက်သမားကို တပ်မတော်က ဆေးဝါးကုသပြီး အသက်ကယ်ပေးခဲ့တယ်။ ကျေးဇူးတင်သင့်တယ် မဟုတ်ပါလား။


နောင်တော်လေး (ဘိုကလေး)

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)