မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်






မြောက်ဥက္ကလာပ၊ ဇူလိုင်  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  အခြေခံပညာကျောင်းများ နှင့် ကိုယ်ပိုင်ကျောင်းများရှိ မူလတန်းအရွယ်ကျောင်းသား၊ ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရေး ၊  မျက်စိကျန်းမာ ရေး  နှင့် ကျန်းမာရေး အသိပညာပေးခြင်း ယမန်နေ့  နံနက်ပိုင်းက  ကျောင်းကျန်းမာရေးလုပ်ငန်းများ  ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းအောင် ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င် ဦးမျိုးဝင်းလတ် ၊ မြို့နယ်ပညာရေးမှူး တို့က လာရောက်ကြည့်ရှုအား ပေးပြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက  ကျောင်းကျန်းမာ‌ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံပြသခဲ့သည်။

ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများက အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း နှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သွားတစ်ချောင်း နှင့် သွားဖုံးသား ဖွဲ့စည်းတည်ဆောက်ထားပုံ ၊ သွားနှင့် ခံတွင်း ကျန်းမာရေးအတွက် ဆောင်ရန်၊  ရှောင်ရန် အချက်များအား အသိပညာ ပေး ဟော ပြောပြီး၊ သွားပိုးစားရောဂါဖြစ်ပွားလာပုံနှင့် နောက် ဆက်တွဲဖြစ်စဥ်များ စစ်မှန်သော သွားတိုက်နည်း များ ၊ မျက်စိကျန်းမာရေး နှင့် ဆောင်ရန် ၊ ရှောင်ရန် အချက်များ၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဘုရားပန်းအိုး ၊ ရေတွင်း ရေကန်များ အားပိုးလောက်လန်း စစ်ဆေးပေးခြင်း နှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း စသည့်  လုပ်ငန်းများအား ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ ကြောင်းသိရသည်။


သက်လွင်စိုး 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)