ထန်းတပင် (ရန်ကုန်)၊ ဇူလိုင် ၁၅
ထန်းတပင်မြို့နယ်၊ အေးရွာလေးကျေးရွာလမ်းဆုံတွင် အမျိုး သားတစ်ဦးအား မသင်္ကာဖွယ်ရာတွေ့ရှိရသဖြင့် ရပ်တန့်စစ်မေးရ ချမ်းငြိမ်းအောင် ဆိုသူသည် ရဲမှုထမ်းအရာရှိ စိစစ်ရေးကတ်ပြားအတုအား လက်ဝယ်ကိုင်ဆောင်အသုံးပြုနေသည်ကို စိစစ်တွေ့ရှိခဲ့ပြီး အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
တပ်မတော်အရာရှိ၊ ရဲတပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၄-၇-၂၀၂၆ ရက်နေ့ ၁၂၃၀ အချိန်ခန့် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ထန်းတပင်မြို့နယ်၊ အေးရွာလေးကျေးရွာလမ်းဆုံအရောက်လှိုင်သာယာမြို့ဘက်မှ လမ်းလျှောက်လာသူ အမျိုး သားတစ်ဦးအား မသင်္ကာဖွယ်ရာတွေ့ရှိရသဖြင့် ရပ်တန့်စစ်မေးရာ ၎င်းသည် ချမ်းငြိမ်းအောင်၊ (၂၂) နှစ်၊ (ဘ)ဦးသန်းအောင်၊ ရွာသာကျေးရွာ၊ တိုက်ကြီးမြို့ နယ်နေသူ ဖြစ်ကြောင်း၊ ချမ်းငြိမ်းအောင်၊ ကိုယ်ပိုင်အမှတ် လ 319299 ရာထူး ရဲမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့အရာရှိ စိစစ်ရေးကတ်အား ထုတ်ပြ၍ ၎င်းသည် ရဲအရာရှိတစ်ဦး ဖြစ်ကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင်လျှက်ရှိကြောင်း ရဲမှုထမ်းအယောင်ဆောင်၍ လိမ်လည် ပြောဆို၍ ရဲမှုထမ်းအရာရှိ စိစစ်ရေးကတ်ပြားအတုအား လက်ဝယ်ကိုင်ဆောင်အသုံးပြုနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။
တာဝန်ရှိသူများက ရဲမှူး ချမ်းငြိမ်းအောင် အမည်ပါရှိသော ရဲမှုထမ်းအရာရှိစိစစ်ရေးကတ်ပြားအတုအား သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်လာကာ ရဲမှူးအယောင်ဆောင်၍ ရဲမှုထမ်း အရာရှိစိစစ်ရေးကတ်ပြားအတုအား လက်ဝယ်ကိုင်ဆောင်သူ ချမ်းငြိမ်းအောင် အား ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
#News #MNP

No comments:
Post a Comment