ဇလွန်မြို့နယ် အညာစုကျေးရွာ၌ “အရှေ့-အာရှ ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (အဆင့်၂)”အတွက် ကနဦးလေ့လာ ဆန်းစစ်ခြင်းလုပ်ငန်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇလွန်မြို့နယ် အညာစုကျေးရွာ၌ “အရှေ့-အာရှ ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (အဆင့်၂)”အတွက် ကနဦးလေ့လာ ဆန်းစစ်ခြင်းလုပ်ငန်း ဆောင်ရွက်


နေပြည်တော်၊ ဇူလိုင် ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးပူးပေါင်း ဆောင်ရွက်မှုစင်တာ(IPRCC)တို့ ပူးပေါင်းဆောင်ရွက်မည့် “အရှေ့-အာရှ ဆင်းရဲမှုလျှော့ချရေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်း(အဆင့်-၂)” East-Asia Poverty Reduction Cooperation Project in Myanmar (Phase-II) အတွက် အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှု စင်တာ(IPRCC)မှ ညွှန်ကြားရေးမှူး Mr. Tong Lang နှင့်အဖွဲ့သည် မြန်မာနိုင်ငံတွင် စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ကနဦးလေ့လာဆန်းစစ်မှုများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အဖွဲ့သည် ဇူလိုင်လ ၁၁ ရက် မွန်းလွဲပိုင်းတွင် ဇလွန်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကနဦးလေ့လာဆန်းစစ်ခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေကို အသေးစိတ် ဆွေးနွေးညှိနှိုင်းသည်။

ဇူလိုင်လ ၁၃ ရက်တွင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လျာထားသည့် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် အညာစုကျေးရွာ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများအတွက် ကျေးရွာ၏ ပကတိ လိုအပ်ချက်များကို ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံဆွေးနွေးပြီး မြေပြင်အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ကွင်းဆင်းတွေ့ရှိချက်များအပေါ် သုံးသပ်ဆွေးနွေးကြသည်။ 

အဆိုပါ အဖွဲ့သည် နေပြည်တော်အတွင်းရှိ စီမံကိန်းဆောင်ရွက်ရန်လျာထားသည့် ကျေးရွာများတွင် ကနဦး လေ့လာဆန်းစစ်မှုများဆောင်ရွက်ခြင်း၊ ခရီးစဉ်တစ်လျှောက် တွေ့ရှိချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အတည်ပြုခြင်းများကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ 


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)