ရန်ကုန်၊ ဇူလိုင် ၁၅
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)တွင် Ultrasound အခန်း ပြင်ဆင်ထားရှိမှုနှင့် Ultrasound စက်အသစ်ဖြင့် အာမခံအလုပ် သမားလူနာများကို ရောဂါရှာဖွေနေမှုအခြေအနေများကိုကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်မည့် သင်တန်းသားအိပ်ဆောင် ဆောက်လုပ်မည့် မြေနေရာကို သတ်မှတ်ခဲ့ကြောင်း သိရသည်။
#News #MNP

No comments:
Post a Comment