နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့် စွမ်းအားများ မြှင့်တင် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့် စွမ်းအားများ မြှင့်တင်


 နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့် စွမ်းအားများ မြှင့်တင် -

တစ်ဆက်တည်းတွင် လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့် စွမ်းအားမြှင့်တင်ရေးကိုဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလုံခြုံရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ရှိသော်လည်း မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေအရ တပ်မတော်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပါဝင်ဖြေရှင်းဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို တပ်မတော်က ဖြေရှင်းဆောင်ရွက်သည်ကို တွေ့ရှိနိုင်ကြောင်း။

ရဲတပ်ဖွဲ့တွင် နယ်မြေထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ (Armed Force Police) နှင့် ဥပဒေစည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ (Law Force Police) ဟူ၍ နှစ်မျိုးရှိကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် ပဋိပက္ခနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုများစွာရရှိခဲ့သည်ကို တွေ့မြင်ရကြောင်း၊ စနစ်တကျလေ့ကျင့်ဆောင်ရွက်ပေးသွားမည်ဆိုပါက ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းပကားများ ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အင်အားတည်ဆောက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း။

ယခုမိမိတို့ တာဝန်ထမ်းဆောင်ချိန် ၅ နှစ်တာကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့် စွမ်းအားများ မြှင့်တင်ပေးသွားရန်လိုကြောင်း၊ စည်းကမ်းပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ကောင်းမွန်သည့် အကျင့် (Good Practice) များရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သွားလာနေထိုင်မှုနှင့် ဝတ်စားဆင်ယင်မှုများ စည်းကမ်းများကောင်းမွန်ရန်နှင့် အဂတိတရားကင်းရှင်းမှုများရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။


စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့များဖြစ်အောင် စနစ်တကျလေ့ကျင့်ဆောင်ရွက် -

အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပတ်သက်၍ ပြည်သူများနှင့် အဓိကထိတွေ့ဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်ကျေးရွာအဆင့်၊ မြို့နယ်အဆင့်များ၌ တာဝန်ယူထားရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်မှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများ၊ အုပ်ချုပ်ရေးအခြေခံသဘောတရားများကို သိရှိနားလည်သော စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြစ်ကြရန်လိုကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အဂတိများကင်းရှင်းရန်လိုကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့များဖြစ်အောင် စနစ်တကျလေ့ကျင့် ဆောင်ရွက်ပေးသွားရန်လိုကြောင်း။


( အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားခဲ့သော အမှာစကားမှ ကောက်နှုတ်ဖော်ပြသည်။)


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)