ပခုက္ကူမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာနှင့် စက်ချုပ်နည်းပညာသင်တန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာနှင့် စက်ချုပ်နည်းပညာသင်တန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်






ပခုက္ကူ၊ ဇူလိုင် ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုး ရေးစီမံကိန်းများထဲမှ ရက်(၁၀၀)စီမံချက်ဖြင့်ဖွင့်လှစ်ခဲ့သည့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာနှင့်စက်ချုပ်နည်း ပညာသင်တန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက်၁၀နာရီအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်း ပညာနှင့်စက်ချုပ်နည်းပညာသင်တန်းများမှ ထူးချွန်သင်တန်းသူ ၁၅ဦးအား ကိုယ်ပိုင်လုပ်ငန်းများထူထောင်လုပ်ကိုင်နိုင်ရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ကြရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသူများကိုယ်တိုင်ချုပ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများနှင့်ပေးအပ် သည့်လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ စနစ်တကျခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။ 

ဘာမီသာ(ပခုက္ကူ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)