ဧရာဝတီအက်ဖ်စီအသင်း ၏ ပြည်ပကစားသမား ရီတူးပေါ်နာ ပထမဆုံး သွင်းဂိုး ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီအက်ဖ်စီအသင်း ၏ ပြည်ပကစားသမား ရီတူးပေါ်နာ ပထမဆုံး သွင်းဂိုး ရရှိ


Myanmar Women’s League 2026-27 အပတ်စဉ် (၄) ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီနှင့် ဧရာဝတီအက်ဖ်စီအသင်းတို့၏ ပွဲစဉ်တွင် ဧရာဝတီအက်ဖ်စီအသင်း ရရှိခဲ့သည့် တတိယမြောက်ဂိုးကို ရီတူးပေါ်နာ၏ သွင်းဂိုးအဖြစ် တရားဝင် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း MWL က ထုတ်ပြန်ထားသည်။

အဆိုပါဂိုးကို ပွဲချိန် (၄၄) မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး မူလက ဇွဲကပင်ယူနိုက်တက်အက်ဖ်စီ ကစားသမား ကျောနံပါတ် (၁၂) ဇင်မာထွန်း၏ ကိုယ့်ဂိုးကိုယ်သွင်းမှု (Own Goal) အဖြစ် မှတ်တမ်းတင်ထားခဲ့သည်။

သို့သော် ပွဲစဉ်၏ ရုပ်သံဗီဒီယိုမှတ်တမ်းများကို ပြန်လည်ကြည့်ရှုစစ်ဆေးပြီးနောက် အဆိုပါဂိုးအား ရီတူးပေါ်နာ၏ သွင်းဂိုးအဖြစ် တရားဝင် ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခုသွင်းဂိုးသည် ရီတူးပေါ်နာအတွက် ဧရာဝတီအက်ဖ်စီအသင်းကို ကိုယ်စားပြုကစားရာတွင် ရရှိခဲ့သည့် ပထမဆုံးလိဂ်သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)