ခမောက်ကြီး၊ ဇူလိုင် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေး ဦးစီးဌာနခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံဖြိုးတိုးတက်ရေးအတွက်(KG)တန်းကျောင်းသားကျောင်းသူများအား အာဟာရပြည့်ဝသော စားသောက်ဖွယ်ရာများကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁နာရီခွဲက ဆောင်ရွက်သည်။
အဆိုပါ အာဟာရကျွေးမွေးဆောင်ရွက်ခြင်းကို အ.လ.က ယုဇန အခြေခံပညာ အလယ်တန်းကျောင်းရှိ (KG)တန်းကျောင်းသားကျောင်းသူ ကလေးငယ်များအား အာဟာရပြည့်ဝစွားရရှိရေး၊ ဦးနှောက်နှင့်ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် မှတ်ဉာဏ်များကောင်းမွန်ရေးအတွက် အာဟာရပြည့်ဝသောစားသောက်ဖွယ်ရာများကို ကျွေးမွေးခြင်းဖြစ်ရာ အဆိုပါကျွေးမွေးပွဲသို့ ကျေးလက်ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများက လိုက်လံကြည်ရှုခဲ့ကြောင်းသိရသည်။
#MNP #News



No comments:
Post a Comment