ဟိုချီမင်းမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်က ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာနအကြီးအကဲထံ ခန့်အပ်လွှာ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုချီမင်းမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်က ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာနအကြီးအကဲထံ ခန့်အပ်လွှာ ပေးအပ်



ဟနွိုင်း၊ ဇူလိုင် ၁၇

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ် ဝန်အဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်သည့် Mrs. Le Nguyen Ngoc Trinh သည် ၎င်း၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ခန့်အပ်လွှာ (Consular Commission) မူရင်းအား ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ H.E. Mr. Doan Hoang Minh ထံသို့ ၁၇-၇-၂၀၂၆ ရက်နေ့ ၁၀၀၀ နာရီအချိန်တွင် သွားရောက်ပေးအပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် အသိအမှတ်ပြုစာချွန်လွှာ (Exequatur) ကို Mrs. Le Nguyen Ngoc Trinh ထံသို့ ပြန်လည်အပ်နှင်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ သံအမတ်ကြီး ဦးဝေလင်း ပါဝင် တက်ရောက်ခဲ့ပြီး ယခုကဲ့သို့ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်သစ်ခန့်အပ်မှုမှတစ်ဆင့် နှစ်နိုင်ငံအကြား တည်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပြည်သူချင်းထိတွေ့ဆက်မှု ပိုမိုခိုင်မာစေရေး၊ သက်ဆိုင်ရာ နိုင်ငံသားများအကျိုး ကာကွယ်စောင့်ရှောက်ရေးအပါအဝင် ကောင်စစ်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)