အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ အစည်းအဝေးကျင်းပ


ရန်ကုန်၊ ဇူလိုင် ၁၇

သာသနာရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ(၁/၂၀၂၆) အစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီနာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော နာယကအဖွဲ့ဝင် ဆရာတော်ကြီးများကြွရောက်တော်မူကြပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီဥက္ကဋ္ဌ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တက္ကသိုလ်ကောင်စီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ကောင်စီနာယက ပါမောက္ခချုပ်ဆရာတော်က သြဝါဒကထာ မိန့်ကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၏ သင်ကြား/စီမံရေးရာကိစ္စရပ်များကို လျှောက်ထားပြီး ကောင်စီအတွင်းရေးမှူးက အစည်းအဝေးတွင် တင်ပြရန် ရှိသည့် အမှာစာ ၇ စောင်ကို တင်ပြလျှောက်ထားသည်။

ယင်းနောက် တက်‌ရောက်လာကြသူများက အမှာစာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)