ဇူလိုင် - ၂၀ ( တနင်္လာနေ့ )
မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ဥရောပချန်ပီယံ စပိန်အသင်းက ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းကို နယူးဂျာစီမှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း အချိန်ပိုမှာ ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရပြီးတဲ့နောက်၊ ဆုပေးပွဲအခမ်းအနားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် ရောက်လာပြီး စပိန်အသင်းဆီသို့ ဖီဖာကမ္ဘာ့ဖလား ဆုကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
မနေ့ညက မက်ဒ်လိုက်ဖ် ကွင်းကြီးမှာ ပြုလုပ်တဲ့ ဆုပေးပွဲစင်မြင့်ပေါ်ကို သမ္မတ ထရမ့်က ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုနဲ့အတူ တွဲပြီး တက်လာခဲ့တာပါ။ သူတို့နှစ်ယောက် ဆုပေးပွဲအခမ်းအနားအတွက် ကွင်းထဲကို လမ်းလျှောက်ဝင်လာချိန်မှာ ကွင်းလုံးပြည့် ပရိသတ်တွေဆီကနေ အားပေးအော်ဟစ်သံတွေရော၊ လှောင်ပြောင်ကန့်ကွက်သံတွေပါ ရောပြွမ်းပြီး ထွက်ပေါ်လာခဲ့တာကို ကွင်းတွင်းဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
သူတို့နှစ်ယောက်ဟာ အသင်းနှစ်ဖက်စလုံးက ကစားသမားတွေကို ဆုတံဆိပ်တွေ အရင်ဆုံး လည်ဆွဲ ချီးမြှင့် ပေးခဲ့ပြီး၊ အဲဒီနောက်မှာတော့ သမ္မတ ထရမ့်က စပိန်အသင်းခေါင်းဆောင် ရိုဒရီ ဆီကို ကမ္ဘာ့ဖလားကြီး လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အဲဒီနောက် အမေရိကန်သမ္မတ ဟာ ကစားသမားတွေ ထုံးစံအတိုင်း ကမ္ဘာ့ဖလားကြီးကို မြှောက်ပြီး အောင်ပွဲခံဖို့ စုဝေးနေကြတဲ့ စင်မြင့်ရဲ့ အလယ်ဗဟိုတည့်တည့်မှာပဲ ဆက်ပြီး ရပ်နေခဲ့ပါတယ်။ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက စပိန်အသင်းသားတွေ နေရာပိုရအောင် ထရမ့်ကို ဘေးဘက်ကို နည်းနည်းလေး ဖယ်ပေးဖို့ ညင်ညင်သာသာ တွန်းရွှေ့ပေးခဲ့ပုံရပေမဲ့၊ သူကတော့ ဖယ်မသွားဘဲ ကစားသမားတွေရဲ့ ဘေးနားမှာပဲ ဆက်ရပ်နေခဲ့တာကြောင့် စပိန်အသင်းခေါင်းဆောင် ရိုဒရီ ဖလားမြှောက်လိုက်တဲ့အချိန်မှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာ အခိုက်အတန့်လေးတစ်ခု ဖြစ်သွားခဲ့ရပါတယ်။
ပွဲစဉ်တစ်လျှောက်လုံးမှာ စပိန်အသင်းကပဲ အများစုကို ဖိအားပေးကစားသွားခဲ့တာပါ။ ဒါပေမဲ့ သူတို့ရဲ့ ဂိုးသွင်းခွင့် ကြိုးစားမှုမှန်သမျှကို အာဂျင်တီးနားဂိုးသမား ဧမီလီယာနို မာတီးနက်ဇ် က ၁၂ ကြိမ်တိုင်တိုင် လက်စွမ်းပြ ကာကွယ်သွားခဲ့လို့ ဂိုးမရခဲ့ကြပါဘူး။ နည်းပြ လူးဝစ် ဒီလာဖွန်တေ ရဲ့ စပိန်အသင်းဟာ ပွဲစစချင်းမှာတင် အာဂျင်တီးနားဘက်ကို အကြိမ် ၂၀ ထက်မနည်း ပစ်မှတ်ထား ကန်သွင်းခွင့် ရခဲ့တာပါ။ တစ်ဖက်မှာလည်း အာဂျင်တီးနားအသင်းဟာ အချိန်ပိုပွဲစဉ် မစတင်ခင်လေးတင်မှာပဲ ကစားသမား အန်ဇို ဖာနန်ဒက်ဇ် က ဒုတိယမြောက် အဝါကတ်ပြသခံရပြီး ကွင်းထဲကနေ အထုတ်ခံလိုက်ရတာကြောင့် ကစားသမား ၁၀ ယောက်တည်းနဲ့ ရုန်းကန်ခဲ့ရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment