နေပြည်တော်၊ ဇူလိုင် ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာ တွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ် ချက်များ မထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါသည်။
ထိုသို့ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း ခဲ့ရာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)နှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဒုတိယဥက္ကဋ္ဌ(၁) တားဂျူတ်ဂျား၊ အထွေထွေအုပ်ချုပ်ရေးဌာန ဌာနမှူး တားဂူးဂျား၊ မဟာမိတ်ဆက်ဆံရေးဌာန ဌာနမှူး တားမိုးဟိန်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် တားမိုင်းမိုင်း၊ တားညီနောခရိုး၊ တားကူးနောတို့ ပါဝင်သည့် ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားရာ တွင် မိမိတို့ ယခုတွေ့ဆုံဆွေးနွေးမှုသည် နေပြည်တော်၌ ပထမဆုံး ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲ သည့်ငြိမ်းချမ်းရေးကို ရှေးရှုပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့အား အဓိကထား ဆွေးနွေး ပေးစေလိုကြောင်း၊ တအာင်းပလောင်ဒေသရှိ ပြည်သူလူထုများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စတို့အား ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရွေးကောက်ခံ အစိုးရပေါ်ပေါက် လာပြီဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးများကိုလည်း ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပေါင်းစပ် ဆောင်ရွက်နိုင်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဒုတိယဥက္ကဋ္ဌ(၁) တားဂျူတ်ဂျားက ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်ပြီးကြိုတင် ကန့်သတ်ချက်များမထားဘဲ ဖိတ်ခေါ်သည့်အတွက် များစွာအားရပါကြောင်း၊ လက်ရှိတွင် တိုက်ပွဲများရပ်တန့်ပြီး ပြည်သူလူထု မှာလည်း အေးချမ်းမှုစတင်ရလာပြီဖြစ်ကြောင်းနှင့် ယနေ့ဆွေးနွေးပွဲမှ အပြုသဘောဆောင်သည့် ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက နိုင်ငံတော်သမ္မတနှင့် ညှိနှိုင်းရေးကော်မတီတို့၏ ရက် ၁၀၀ ငြိမ်းချမ်းရေးကြိုးပမ်းမှု အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ရေး၊ ဟိုင်ဂင်သဘောတူညီချက်ကို လေးစားလိုက်နာရေး၊ သဘောတူထားသည့်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ မိမိတို့ဒေသအတွင်း ပြည်သူလူထု၏ လူမှုဘဝသက်သာချောင်ချိရေး၊ နိုင်ငံတော် ငြိမ်းချမ်းရေးကို ရှေးရှုပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် ရပ်တည်လျက်ရှိသည့်ကိစ္စများနှင့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေးတို့နှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှတစ်ဆင့် နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအား ဖော်ဆောင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် PSLF/TNLA နှင့် ယခင် တွေ့ဆုံဆွေးနွေးမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုး အတည်ပြုကြသည်။
ယင်းနောက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဒုတိယဥက္ကဋ္ဌ(၁) တားဂျုတ်ဂျား က ကျေးဇူးတင် စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကာ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်း သိရှိသည်။
#News #MNP



No comments:
Post a Comment