တရုတ် - မြန်မာ - ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားကုန်သွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ် - မြန်မာ - ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားကုန်သွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး


နေပြည်တော်၊ ဇူလိုင် ၁၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယမန်နေ့က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပင်လယ်ကွေ့ပဋိပက္ခကြောင့် ဖြစ်ပေါ်နေသည့် စွမ်းအင်ဆိုင်ရာအခက်အခဲများကို ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စများ၊ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့သည် ရေပြင်၊ မြေပြင်နယ်နိမိတ်ချင်း ထိစပ်နေသောနိုင်ငံများဖြစ်သည့်အတွက် စွမ်းအင် ကုန်သွယ်မှုလုပ်ငန်းများတွင် အခွင့်အလမ်းကောင်းများရှိနေရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း (Regional Grid) တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ရောင်းဝယ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ် - မြန်မာ - ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားကုန်သွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)