နေပြည်တော်၊ ဇူလိုင် ၂၅
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံ အန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ လုံးဝပြန်လည်အခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေနှိမ်နင်းလျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်း ကစားမှုများဆောင်ရွက်ခြင်းမရှိစေရန်အတွက် စုံစမ်းရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်း များကိုဆောင်ရွက်ခဲ့ရာ၂၄-၇-၂၀၂၆ ရက်နေ့ ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော် (၂) လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသားအမျိုးသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသားအမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၄ ဦးတို့အား ဖုန်းမျိုးစုံ ၃၃ လုံး၊ All In One ကွန်ပျူတာ ၃၈ လုံး၊ Laptop တစ်လုံး၊ Star Link တစ်လုံး၊ ဆိုင်ကယ်ရှစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် အဆိုပါရပ်ကွက်အတွင်း စုံစမ်းရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၁၀ မိနစ် ခန့်တွင် အဆိုပါလမ်းအတွင်းရှိ နေအိမ်တစ်လုံးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ မြန်မာနိုင်ငံသားအမျိုးသား ၁၁ ဦးအား All In One ကွန်ပျူတာ ၃၃ လုံး၊ CPU သုံးလုံး၊ UPS ငါးလုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်း ကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#MNP #News





No comments:
Post a Comment